29.6 C
Yangon

မြိုင်နှင့် ပခုက္ကူရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ် တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ နှမ်းဆီကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၂ လုံးကျော် မီးလောင်း ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်ရှိ နှမ်းဆီကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ ပြည်သူပိုင် နေအိမ် ၁၂ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူး။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၁၂ ကျော် မီးလောင်ပြာကျတယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီ ၃၀ မိနစ် ဝန်းကျင်လောက်မှာ နှမ်းဆီကန်ရွာကို လာပြီး မီးရှို့ပြီး စစ်ခွေးတွေနဲ့ ပျူစောထီးတွေ သရက်ကန်ရွာကို ပြန်သွားတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ရွာကိုလည်း အကြမ်းဖက် စစ်တပ် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ကန်တော်ရွာကို ပျူစောထီး ခေါင်းဆောင် ဆန်းသော် ဦးဆောင်သော အဖွဲ့နှင့် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

” ကန်တော်ရွာက မီးငြိမ်းသွားပြီဆိုတာပဲ သိရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ ပျက်စီးနေသည့် နှင်းဆီကန်ရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article