25.9 C
Yangon

မြောက်ဥက္ကလာတွင် စစ်ကောင်စီ၏ ဂုဏ်ထူးဆောင် ရဲဗလ တံဆိပ်ဆုရ ရာအိမ်မှူးစိုးစိုး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံတွင် ၁၇ ရက်ကြာ ဝေဒနာခံစားရပြီးနောက် သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီက ချီးမြှင့်သည့် စွမ်းရည်သတ္တိဂုဏ်ထူးဆောင် ရဲဗလ တံ ဆိပ် ဆုရ ရာအိမ်မှူး စိုးစိုးသည် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် ၁၇ အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌရပ်ကွက် ရာအိမ်မှူးစိုးစိုးကို မြို့ပြပြောက်ကျားများက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ စစ်ကောင်စီခန့် ရာအိမ်မှူး စိုးစိုးသည် ၂၀၂၁ မတ်လအတွင်းတွင် စစ်ကောင်စီက ပေးအပ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရဲဗလတံဆိပ်ကို ရရှိထားသူဖြစ်ကြောင်း၊ စိုးစိုးသည် ရပ်ကွက်ရုံးသို့သွားစဉ် လမ်းတွင် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်ပြီး ထိုသို့ပစ်ခတ်ခံရချိန်တွင် စိုးစိုးသည် ကြောက်လန့်တကြားနှင့် မြောင်းထဲဆင်းပြေးခဲ့ပြီး ဆေးရုံတွင် ဒဏ်ရာဖြင့် ကုသမှုခံယူခဲ့ရာမှာ ၁၇ ရက်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်။

“နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှာ သေသွားပါပြီ ။ ဒီနေ့ ရေဝေးသုဿာန် ခန်းမ ၁က မှာ သဂြိုလ်မှာပါ။ သေ နတ် ဒဏ်ရာနဲ့ ၁၇ ရက်လောက်တော့ တော်တော်ခံစားသွားရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရာအိမ်မှူး စိုးစိုးထံတွင် စစ်တပ်က ပေးအပ်ထားည့် သေနတ် ရှိနေပြီး (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို စောင့်ရှောက်ပေး ရန်တာဝန်ယူထားကြောင်း၊ ၎င်းကြောင့် ဖမ်းဆီးခံရသော လူငယ်အများအပြား ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြောက်ဥက္ကလာ ဌ ရပ်ကွက် မှ ရာအိမ်မှူး ဒလန်စိုးစိုးသည် ၎င်း၏ နောက်လိုက်များနှင့်အတူ ဓားပြတိုက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ပျောက်ကျားတပ်ဖွဲ့၏ ပစ်ခတ်မှုကို ဒလန်စိုးစိုးသည် ယခင်ကတည်းက အကြိမ်ကြိမ်ခံခဲ့ရသော်လည်း မသေဘဲ လွတ်မြောက်ခဲ့ကြောင်း၊ ဒလန်စိုးစိုးနှင့်အဖွဲ့သည် ဓားပြတိုက်မှု ကျူးလွန်ကြောင်း CCT အထောက်အထားများတွေ့ရှိရသဖြင့် စစ်တပ်က ယခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ယာယီ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဒလန်စိုးစိုးသည် မြောက်ဥက္ကလာတွင် မြေကွက်များ အကွက်ရိုက်‌ ရောင်းသဖြင့် မြို့နယ်ထွေအုပ်က အကြိမ်ကြိမ် သတိပေးမှု ခံခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၂၆ ရက်နေ့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိထားသော ရာအိမ်မှူး စိုးစိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article