30 C
Yangon

ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်ရွာကို စစ်တပ်က မီးရှို့မှု အိမ်ခြေ ၅၀ နီးပါး ပြာကျပြီး လယ်ထွန် စက် ၁၀ စီး၊ ဆိုင်ကယ် အစီး ၃၀ နှင့် စပါးတင်းထောင်ချီ မီးရှို့ခံလိုက်ရ ၊ အိမ်မွေးဝက်များသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်ကျေးရွာကို စစ်တပ်က ယမန်နေ့ ညနေပိုင်း မီးတင်ရှို့ လိုက်သဖြင့် အိမ်ခြေ ၅၀ နီးပါးပြာကျသွားကြောင်း ဒေသ ခံ ပြည်သူများနှင့် ဒေသသတင်းရင်းမြစ် Tigyaing Revolution -TR က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်တပ်၊ ပျူစောထီးနှင့် SNA တပ် စုစုပေါင်း အင်အား ၂၀၀ ကျော်က ဆူးပုတ်ချောင်ကျေးရွာကို ဝင် ရောက် မီးရှို့ ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထီးချိုင့်မြို့နယ် ဆူးပုတ်ချောင်ရွာ ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က မီးဝင် ရှို့ခဲ့ပြီး အိမ်ခြေ ၆၃ အိမ်အနက်မှ အိမ်ခြေ၂၀ခန့်သာကျန်ကြောင်း၊ ကျန် အိမ်များအားလုံး မီးလောင်ပြာကျသွားကြောင်း၊ လက်တွန်းထွန်စက် ၁၀စီးခန့် ၊စပါးချွေလှေ့ ၁စီး၊ ဆိုင်ကယ်အစီး ၃၀ ခန့်၊ မီးစက် ၂ လုံး၊ စပါးတင်း ပေါင်း ထောင်ချီခန့် ပျက်စီး ဆုံးကြောင်း၊ အိမ်မွေးဝက် ၅ ကောင်သေ ဆုံး ကြောင်း Tigyaing Revolution -TR က သတင်းဖော်ပြသည်။

ဆူးပုတ်ချောင်ကျေးရွာမှ ပြည်သူတစ်ဦးကမူ “ထီးချိုင့်မြို့နယ် အလယ် တော တိုက်နယ် ဆူးပုတ် ချောင် ရွာကို အကြမ်း ဖက် စစ်ခွေး၊ ရဲခွေး ပျုစောထီး အင် အား နှစ်ရာ ကျော် က မီးရှို့ ဖျက်ဆီးတယ်။ ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုနှင့် ကလေး ငယ် တွေ၊ ပြည်သူတွေ အား လုံး ဘေးလွတ်ရာ ရွာတွေနဲ့ တော တောင် တွေထဲ ထွက် ပြေး တိမ်း ရှောင် နေရပါ တယ်” ဟု ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဆူးပုတ်ချောင်ကျေးရွာသည် ထီးချိုင့်မြို့နှင့်အနီးဆုံးနေရာတွင် တည်ရှိသည့် ကျေး ရွာဖြစ်ပြီး စစ်တပ်က ထီးချိုင့်မြို့ အနီးအနားရှိ ကျေးရွာများကို တောက် လျှောက်ဆိုသလို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ထီးချိုင့်မြို့နယ်တွင် ယမန်နေ့ စစ်တပ်က မီးတင်ရှို့နေသည့် ဆူးပုတ် ချောင် ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article