30 C
Yangon

မင်းအောင်လှိုင် ခိုင်းစေချက်အရ နေပြည်တော်နှင့် ဝန်ကြီးဌာနများတွင် ရုံးစာ ပေါက် ကြားလျှင် တစ်ဌာန လုံး အရေးယူမည့် သတိပေး ချက်များ လက်မှတ် ထိုးခိုင်း၊ ရုံးစာ ပေါက်ကြားလျှင် ၁၉၂၃ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူမည်ဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မင်းအောင်လှိုင်၏ ခိုင်းစေချက်အရ နေပြည်တော်အပါအဝင် ဝန်ကြီးဌာနများ တွင် ညွှန်ကြားစာနှင့် ရုံးစာပေါက်ကြားလျှင် တစ်ဌာနလုံးအရေးယူမည့် အသိ ပေး ချက်များကို ဝန်ထမ်းများအားလုံး သိရှိသည်ဆိုသော ကတိပြုဝန်ခံချက် လက်မှတ်ထိုးခိုင်းကြောင်း နေပြည် တော်နှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီးဌာနဆိုင်ရာ ညွှန်ကြားစာများ၊ ဝန်ကြီးဌာန အမိန့်စာများ၊ ရုံးစာများ ပေါက်ကြား မှုမရှိစေရန် စစ်ကောင်စီက ဝန်ထမ်းများ ကို ဝန်ခံကတိပြုခိုင်းသည့် သတိပေးချက်များကို လက်မှတ်ရေးထိုးခိုင်း ခြင်းဖြစ် ကြောင်း၊ ယခင်က ညွှန်ကြားစာ၊ ရုံးစာနှင့်အမိန့်စာများပေါက်ကြားလျှင် စာ ထိန်း သိမ်းသူနှင့် သက်ဆိုင်သူများကို သာအဓိက အရေးယူသော်လည်း ယခု အခါ ဌာနဆိုင်ရာ စာများပေါက်ကြားလျှင် တစ်ဌာနလုံး သန့်ရှင်းရေး နှင့်အထွေ ထွေလုပ်သားပါမကျန်အရေးယူမည်ဆိုသော စာများကို လက်မှတ် ထိုးခိုင်းခြင်း ဖြစ် သည်ဟု သိရှိရသည်။

“နေပြည်တော်ညွှန်ကြားချက်နဲ့ရုံးစာတွေမပေါက်ကြားဖို့၊ သတင်းမတင်ဖို့၊ ဖေ့ ဘုတ်စ် မှာ ပို့စ်မတင်ဖို့၊ ရုံးစာတွေကိုဓာတ်ပုံရိုက်ပြီး လိုင်းပေါ်မတင် ဖို့တွေကို ဌာနတွေမှာရှိသမျှ ဝန်ထမ်းအားလုံးသန့်ရှင်းရေး ပါမကျန် သိရှိ ကြောင်း လက် မှတ်ထိုးနေရပါတယ်” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ဌာနဆိုင်ရာ စာများပေါက်ကြားမှု အများအပြားရှိနေပြီး လက်မှတ် ထိုးပြီးပါက ရုံးစာများ၊ လျှို့ဝှက်စာများ ထပ်မံ ပေါက်ကြားလျှင် တစ်ဌာနလုံး အရေးယူမည်ဖြစ်ကြောင်း ၊ ၁၉၂၃ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေး ယူမည်ကို သိရှိသည်ဟု လက်မှတ်ရေးထိုးရကြောင်း နေပြည်တော် ဝန်ထမ်း များက ပြောသည်။

“ရုံးစာတွေ၊ သတင်းပေါက်ကြားရင် ကိုလိုနီခေတ်ကရေးဆွဲထားတဲ့ ၁၉၂၃ ခုနှစ် အစိုးရ စာရွက်စာတမ်းများဥပဒေနဲ့တာဝန်ရှိသူ အဆင့်ဆင့် ကို အရေး ယူ အပြစ် ပေးမယ်ဆိုပြီးနေပြည်တော်ကညွှန်ကြားစာမှာပါရှိပါတယ်။ ညွှန်ကြား စာ တော့မပေးတော့ပါဘူး။ ညွှန်ကြားစာ ထပ်ပေါက်တယ်ဖြစ်နေဦးမယ်။ လက် မှတ်တွေကိုတော့ဝန်ကြီးဌာန အားလုံးမှာ ဝန်ထမ်းအကုန်ထိုးပြီးကို ပြန် လည် တင်ပြရတယ်။။ ရုံးစာမကိုင်ရသူတွေပါ အကုန် လက်မှတ် ထိုး နေရပါ တယ်” ဟု ဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။

ဌာနဆိုင်ရာ ရုံးစာ၊ ညွှန်ကြားစာနှင့် လျှို့ဝှက် အမိန့်များ မပေါက်ကြားစေရေး ထိန်းချုပ်မှု လုပ် ဆောင်ရာတွင် အဓိကအားဖြင့် ပြည်ထဲရေး၊ ကာ ကွယ်ရေး ဌာန၊ စစ်တပ်ဆိုင်ရာ စာများ မပေါက်ကြားစေရေး စစ်ကောင်စီဘက်က အထူး ဦးစားပေး လုပ်ဆောင် နေကြောင်း၊ ဌာနဆိုင်ရာ ဖရဲသီးများကိုလည်း အပြစ် ပေး အရေးယူရန် ကြိုးပမ်းသော်လည်း အောင်မြင်မှုမရှိဘဲ ဖြစ်နေကြောင်း သိရှိ ရသည်။

ဓာတ်ပုံ- ဗဟိုထိန်းချုပ်လုပ်ရန် ကြိုးစားနေသော အကြမ်းဖက် မင်းအောင်လှိုင် သာသနိကအဆောက်အအုံ တည်ဆောက်ရေး ဗဟိုအုတ်မြစ်ချနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article