ရန်ကုန်၊ နိုဝင်ဘာလ ၂၇
မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် ယနေ့ နံနက်ပိုင်း စစ်တပ် ဆန့်ကျင်ရေး စာ သား များ ချိတ်ဆွဲ၍ လူမဲ့သပိတ် ပြုလုပ်ထားစဉ် စစ်သားများက လာရောက် ရှင်းလင်းရာ မိုင်းကွဲပြီး စစ်သား ၃ ဦးသေဆုံးကြောင်းPeople’s Defense Force -Yenangyaung မှ ဗိုလ်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီအချိန် ရေနံချောင်းမြို့တွင်းရပ်ကွက်နှင့် လက် မှတ်ကုန်းနယ်မြေအကြားတွင် People’s Defense Force -Yenangyaung နှင့် Hunter Dragon Group ညီနောင်များ ပူးပေါင်းကာ “စစ်တပ် လုံး၀ အုပ်ချုပ်ခွင့်မရစေရ” ၊ “စစ်တပ်လက်အောက် ဒူးမထောက်” စ သည့် စာတမ်းများ ချိတ်ဆွဲကာ လူမဲ့ သပိတ်ပြုလုပ်ထားကြောင်း သိရှိရသည်။
အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့ သပိတ်ကို စစ်သားများက ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် လာရောက်ရှင်းလင်းရာ အသင့်စောင့် ဆိုင်း နေ သော တော်လှန်ရေ းရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ မိုင်းဆွဲ တိုက် ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးကြောင်း သိရှိရသည်။
“မိုင်းဆွဲလိုက်တာမှာ အခု သတင်းရသလောက်တော့ စစ်သား ၃ ဦးသေဆုံး ပါတယ်” ဟု People’s Defense Force -Yenangyaung မှ ဗိုလ်စံရှားက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ နံနက် ၅ နာရီ ရေနံချောင်းတွင် ပြုလုပ်ထားသော စစ်အာဏာ ရှင် ဆန့်ကျင်ရေး လူမဲ့သပိတ်။