36 C
Yangon

စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ရုရှား စစ်ဘက်ဆိုင်ရာကိုယ်စားလှယ် ၃၀ နီးပါး မြန်မာနိုင်ငံသို့ တစ်ပတ်နီးပါး လာရောက်မည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

အကြမ်းဖက် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ရုရှား စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၃၀ နီးပါး မြန်မာနိုင်ငံသို့ တစ်ပတ် နီးပါး လာရောက်ကြကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တို့တွင် ရုရှားစစ်ဘက်ပုဂ္ဂိုလ်များ ရောက်ရှိလာကြပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရုရှားနိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း၊ ရုရှားမှ အထူးလေယာဉ်ဖြင့် လာရောက်ကြခြင်းဖြစ်ကြောင်း သိရှိသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် နေထိုင်ကြမည့် ရုရှားစစ်ဘက်ပုဂ္ဂိုလ် ၁၆ ဦးရှိပြီး ၎င်းတို့မှာ-

၁-Mr.Alexey KIM
၂-Mr.Sergey VOROZHINTSEV
၃-Mr.Kirill MOROZ
၄-Mr.Evgenii VEBER
၆-Mr.Dmitrii POPOV
၇-Mr-Vitalii SHILKOV
၈-MrSergey GARBUZOV
၉-Mr.Mikhail YERMOLAEV
၁၀-Ms.Anastasia SOKOLOVA
၁၁-Mr.Roman NAZAROV
၁၂-Mr.Aleksandr VLASENKO
၁၃-Mr.Aleksandr BASOV
၁၄-Mr.Alexander DEGTEV
၁၅-Mr.Sergey SARATOV
၁၆-Mr.Aleksei RIABOV တို့ဖြစ်ကြောင်း သိရှိရသည်။

ရုရှားစစ်ဘက်ပုဂ္ဂိုလ်များကို စစ်ကောင်စီက မြန်မာနိုင်ငံသို့ အကုန်အကျခံခေါ်ဆောင်ထားခြင်းဖြစ်ပြီး မည်သည့် အတွက်ကြောင့် ခေါ်ယူထားသည်ကို မသိရှိရသေးပေ။

မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီးဖြစ်သည့် ရုရှားစစ်ဘက်ပုဂ္ဂိုလ်များသည် စစ်တပ်၏VIP ဝင်ပေါက် ထွက်ပေါက်ကို တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာခွင့်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article