30 C
Yangon

ဝေါမြို့မရောက်မီ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကားများ ဖြတ်သန်းခွင့် ပိတ်ပင်ထား၍ ကားရာပေါင်းများ ပိတ်မိနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စစ်တောင်းတံတားအကျော် စစ်ဆေးရေးဂိတ်တွင် စစ်တပ် က ကားများကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ပင်ထား၍ ကားရာပေါင်း များ စွာ ယနေ့ နံနက်ပိုင်းမှ ယခု ညပိုင်းအထိ ပိတ်မိနေကြောင်း ခရီးသွား ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်းအချိန်မှစ၍ စစ်တပ်က စစ်ဆေးရေးဂိတ်ကို ပိတ်ဆို့ ထားပြီး ကားများကို ဖြတ်သန်းခွင့်မပြုသဖြင့် နံနက်အစောပိုင်းမှ ညပိုင်းအထိ ကားများပိတ်ဆို့နေခြင်းဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ကားများ ဖြတ် သန်းခွင့်မပေးသည်ကို မသိရှိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကားတွေကို စစ်လည်း မစစ်ဆေးဘူး။ ထွက်ခွင့်လည်းမပေးဘူး။ ယုတ်မာ နေတာ။ ကားတန်းက မနက်ကတည်းက စစ်တောင်းတံတား ကနေ ခုချိန်ထိ ကားက တရွေ့ရွေ့နဲ့ကို ရာပေါင်းများစွာဖြစ်နေတယ်။ ၂ နာရီလောက်ကြာမှ အချိန် အတော်ကြာမှ တရွေ့ဖြစ်နေတာ။ မနက်ကတည်းက အခုထက်ထိ ဝေါ မြို့ နားမရောက်သေးဘူး။ မနက် ၁၀ နာရီ စစ်တောင်းတံတားရောက်တယ်။ အခု ည ၈ နာရီကျော်တဲ့အထိ ဝေါနားမရောက်သေးဘူး။ စစ်ဆေးရေးဂိတ်က စစ်ခွေးတွေက ဘာမှ မစစ်ဆေးဘဲ ကားတွေ ရပ်ခိုင်းထား တယ်။ ကားလွှတ်ရင် ၁ စီး၊ ၂ စီးပဲ ။ ဒီနေ့ ကျိုက်ထိုက တက်လာတဲ့ကား တွေကလည်း အရမ်းများ တယ်။ ငွေပေးနိုင်တဲ့သူတွေကို ဆွဲထုတ်ပြီး လမ်းရှင်းပေးတယ်။ စောက်ကျင့် တွေ ယုတ်နေကြတာ” ဟု ပိတ်မိနေသည့် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်ဘက်မှ လာသော ကားများ၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဘက်မှ လာသော ကားများ အားလုံး ရှေ့မတိုး နောက်မဆုတ်နိုင်ဘဲ ပိတ်မိနေသဖြင့် အဆိုးဝါးဆုံး ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေကြောင်း၊ စစ်တပ်နှင့်ရဲကလည်း ၎င်းတို့၏ ဝန်ထမ်းကားများ၊ ငွေပေးနိုင်သည့်ကားများကိုသာ ဆွဲထုတ်ကြောင်း၊ လူနာတင်ယာဉ်များနှင့်လူနာများလည်း ယာဉ်ကြောအတွင်း ပိတ်ဆို့နေကြောင်း သိရှိရသည်။

“စျေးဆိုင်တွေကတော့ နေ့ရော ညပါ ၂၄ နာရီဖွင့်ပြီး ရောင်းကြတယ်ပြောတယ်။ အဲဒီလိုပဲ စစ်တပ်က ဘာမှ အကြောင်း ပြချက်မပေးဘဲ ပိတ်ပစ်တာ ခဏခဏ လို့ပြောတယ်။ အများပြည်သူကို အနှောင့်အယှက်ဖြစ်အောင် လုပ် တာပေါ့” ဟု အခြားခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဝေါနှင့်စစ်တောင်းတံတားအကြား စစ်ဆေးရေးဂိတ်တွင် ယခုည ၈ နာရီ ၃၀ မိနစ်အချိန်ပိတ်မိနေသော ကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article