ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများမှ “အာဏာရှင် လက်ဆုပ်ထဲကအာဏာကို ဖြည်ယူလို့မရဘူး၊ ဖြတ်ယူမှရမယ်” စာတန်း ချိတ်ဆွဲပြီး လူထုဒေါ်အမာ ၁၀၇ နှစ်ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။