35 C
Yangon

ထီးချိုင့်မြို့နယ်၊ အင်ကြင်းကုန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့၊ မြစ်ကြီးနား နှင့်ဖားကန့် ဘက်သို့ တက်မည့် ကားများပိတ်ဆို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ၊ အင်ကြင်းကုန်းကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ ဝန်းကျင်အချိန်တွင် စစ်တပ်က အိမ် ခြေ ၁၀၀ ဝန်းကျင်ရှိသော အင်ကြင်းကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာပြီး အိမ်များကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းကုန်းကျေးရွာသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားသော အလယ်တောစံပြကျေးရွာနှင့်ကပ်လျက်ရွာဖြစ်ပြီး စစ်တပ် က ယနေ့ နံနက်ပိုင်း ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများထွက် ပြေး တိမ်း ရှောင်နေရကြောင်း သိရှိရသည်။

“မီးရှို့ခံရတဲ့ အင်ကြင်းကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ မနေ့က မီးရှို့ခံရတဲ့ အလယ်တောစံပြကျေးရွာနဲ့ သိပ်မဝေးဘူး ကပ်လျက် ပဲ။ အလယ်တောမှာ မနေ့က တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်က အထိနာလို့ လေ ယာဉ်တွေနဲ့ဗုံးလာကျဲတယ်။ မြစ်ကြီးနားဘက်ကို တက်တဲ့ လမ်းတွေ မနေ့က တည်းကပိတ်ထားတာ ထီးချိုင့်မှာ ဆီကားတွေရော ကုန်ကားတွေရော ပိတ်မိ နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ထီးချိုင့်တွင် နိုဝင်ဘာ၂၇ ရက်နေ့က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားပြီး ယမန် နေ့ ညနေ ၅ နာရီကျော်အချိန် စစ်တပ်က ‌တိုက် လေယာဉ် ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့ ကာ ကွယ် ရေး တပ် များ အကြား တိုက်ပွဲပြင်းထန်ကာ စစ်တပ်ဘက်မှ အထိ နာနေ သ ဖြင့် တိုက် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ထီးချိုင့်ဒေသ တော် လှန် ရေး ခေါင်းဆောင်များက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ကျေးရွာ ၅ ခုမှ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထီးချိုင့်မြို့နယ်၊ အင်ကြင်းကုန်းကျေးရွာကို ယခုနံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှိုနေ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article