ရန်ကုန်၊ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် တိုက်လေယာဉ် ၂ စီး ဖြင့် စစ်တပ်က လေသာကျေးရွာဘက်သို့ ဗုံးကျဲ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း၊ ယမန်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု ၅၀ ဦးနှင့် အထက် ရှိခဲ့၍ အထိနာ သည့်အတွက် လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
“ဒီမနက် တိုက်ပွဲဖြစ်သံတော့မကြားမိသေးဘူး။ မနေ့ကအလယ်တော တိုက် ပွဲမှာ စစ်တပ်က အထိနာလို့ မနေ့ညနေကလည်း လေယာဉ်နဲ့ ဗုံးကျဲတယ်။ နောက် ပြီး ဒီမနက် အင်ကြင်းကုန်းကျေးရွာကို မီးရှို့တယ်။ ပြီးတော့ အလယ် တောကို ထပ်ဝင်ပြီး မီးထပ်ရှို့တယ်။ မွန်းတည့်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးကျဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် အပျက်အစီး အခြေအနေများ မသိရှိရသေးဘဲ စစ်ရေးအခြေအနေ တင်းမာနေကြောင်း၊ အလယ်တော၊ အင်ကြင်းကုန်း၊ လေသာကျေးရွာ အပါအဝင် ကျေးရွာ ၅ ခုမှ ပြည် သူ ၃၀၀၀ ကျော်မှာ စစ်ဘေးရှောင်သည့်အနေဖြင့် ထွက်ပြေးနေကြ ရ ကြောင်း သိရှိရသည်။
“အခုကတော့ ပြည်သူတွေကတော့ ပြေးပြီးရင်း ပြေးနေရတာပဲ။ စစ်ရေး တင်းမာနေတယ်။ စစ်တပ်ဘက်က အရမ်းအထိ နာ တော့ လူနာတွေ လည်း များပုံရတယ်။ စစ်ခွေးတွေ ပိတ်မိနေလို့ လေယာဉ်နဲ့ တောက် လျှောက် ဗုံးကျဲ နေတာထင်တယ်။ စစ်ရေးအခြေအနေက တင်းမာနေ တုန်းပဲ” ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။