31 C
Yangon

မင်းအောင်လှိုင် မကွေးရောက်ရှိချိန် တံတားဦးနှင့်မှော်ဘီလေတပ်မှ Yak တိုက် လေယာဉ်များ တောက်လျှောက် ပျံတက်နေပြီး တိုင်းရင်းသားဒေသများ လေ ယာဉ် ဖြင့် ဗုံးကျဲမှု သတိပြုရန်လို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာလ ၂၈ ရက် နေ့ တွင် မကွေးမြို့သို့ ရောက်ရှိနေပြီး ၎င်း မကွေးသို့ ရောက်ရှိနေချိန် တံတားဦး လေတပ်နှင့် မှော်ဘီလေတပ်စခန်းများတွင် Yak-130 တိုက် လေယာဉ် များ တောက်လျှောက်ဆိုသလို ပျံတက်နေကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ယမန်နေ့ မကွေးတိုင်း၊ မင်းဘူးနှင့်စကုမြို့ များသို့ သွားရောက်ပြီးနောက် ယနေ့တွင် မကွေးမြို့အဝင် မုခ်ဦးဖွင့်ပွဲ၊ မြို့တော် ခန်းမတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ ပြုလုပ်နေကြောင်း သိရှိရသည်။

“မကွေးမြို့ထွက် လေဆိပ်လမ်းခွဲအနီး နတ်မောက်လမ်း မကွေးမြို့အဝင် မုတ် ဦး ဖွင့် ပွဲကို မအလလာတယ်။ မြို့ မျက် နှာဖုံးစီးပွား‌ရေးလုပ်ငန်းရှင်တွေနဲ့ မြို့ တော်ခန်းမမှာ တွေ့ဆုံတယ်။ ပြီးတော့ ကောင်းမွန် ဦးစိန်ဌေး လုပ်ငန်း နေရာ နဲ့ အမေထွားပဲဆီနှမ်းဆီ ဦးဌေးအောင် လုပ်ငန်းနေရာတွေကို သွား ကြည့် မယ်။ လုပ်ငန်းရှင်တွေလည်း မအလ ကို မတွေ့ချင်ကြဘူး။ အတင်း အကျပ်ဆိုတော့ လည်း ငြင်းမရဘူး” ဟု မကွေးမြို့မှ ဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်မင်းအောင်လှိုင် မကွေးမြို့တွင် ရောက်ရှိနေချိန် တံတားဦး လေ တပ် နှင့် မှော်ဘီလေတပ်အတွင်းတွင် တိုက်လေယာဉ်များ တောက် လျှောက် ဆိုသလို ပျံတက်နေကြောင်း လေတပ်သတင်းရင်းမြစ်များက ပြောသည်။

“မနက် ၁၁ နာရီလောက်ကတည်းက တံတားဦးမှာ တိုက်လေယာဉ်တွေ တောက် လျှောက်တက်တယ်။ တစ်စီးက မြို့ကိုပတ်တယ်။ နောက်ထပ် ၂ စီးက တော့ အရှေ့မြောက်ဘက်ကို ဦးတည်သွားတယ်။ နောက်ပြီး လေတပ်ထဲ ကိုလည်း ကား ၃ စီးနဲ့ ကြည်းတပ်တွေ လာချထားတယ်။ မှော်ဘီကလည်း စစ်ဆင်ရေး တက်နေတယ်။ ကရင် ကချင်နဲ့ ချင်းဘက်တွေ သတိထားရမယ် ထင်ပါတယ်” ဟု လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောဆိုသည်။

ဓာတ်ပုံ- မကွေးရောက်ရှိနေသော အကြမ်းဖက်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article