ရန်ကုန် ၊နိုဝင်ဘာ ၂၈
ကရင်နီပြည်နယ် ဖရူဆိုမြို့အတွင်း ပြည်သူများ ဝင်ထွက်သွားလာခြင်းကို နိုဝင် ဘာ ၂၈ ရက်နေ့မှ စ၍ အခြေအနေပေါ်မူတည်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီပြည် အစိုးရက ကြေညာသည်။
လမ်းပိတ်ထားစဉ်အတွင်း ဝင်ထွက်သွားလာခြင်းကို တွေ့ရှိပါက လုံးဝ ခွင့်မပြု ကြောင်းနှင့် သွားလာနိုင်မည့် ရက်ကို ပြန်လည်အသိပေး ကြေညာ သွားမည် ဖြစ်ကြောင်း ကရင်နီပြည်အစိုးရ၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပိတ်ပင်ရသည့် အကြောင်းအရာကို အတိအကျဖော်ပြထားခြင်းမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ညှင်း ပန်း နှိ ပ်စက်သတ်ဖြတ်မှုများလုပ်ဆောင်၍ အမြစ်ပြတ် ပြန်လည်ချေမှုန်း နိုင် ရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်မှာ ပြည်သူများ အသိပင် ဖြစ် ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ကရင်နီပြည်နယ်ဘက်သို့ စစ်ကောင်စီက အင်အားတိုးချဲ့ခြင်း၊ လေ ကြောင်း ဖြင့် ကင်းထောက်ခြင်း၊ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်ခြင်း၊ ရိက္ခာနှင့်ဆေးဝါး သယ်ယူမှု လမ်းပန်းဆက်သွယ်ရေးများ မလုပ်ဆောင်နိုင်ရန် လမ်း များ ပိတ်ဆို့ ဖြတ်တောက်ထားခြင်းများ လုပ်ဆောင်နေကြောင်း ကရင်နီ ပြည်နယ်ဒေသခံပြည်သူများထံမှ သိရှိရသည်။