30.5 C
Yangon

မတ္တရာတွင် စစ်ကြောင်း ထိုးစစ်ဆင်လာသဖြင့် လက်ဗလာဖြင့် ထွက်ပြေးနေ ရသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ် ရိက္ခာပြတ် တောက်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ထိုးစစ်ဆင်လာ၍ လက်ဗလာဖြင့် ထွက်ပြေးနေရသည့် ထောင်နှင့်ချီသော ပြည်သူများ စားနပ် ရိက္ခာ ပြတ်တောက်နေ​ကြောင်း စစ်ရှောင်များအရေး ကူညီစောင့် ရှောက်နေသည့် ဗိုလ်မြေသြဇာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ္တရာမြို့ နယ် မာယာပင်ရွာနှင့် စိန်ပန်းကုန်းရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကျေးရွာအတွင်းသို့ ရုတ်တရတ် ဝင်ရောက်လာခြင်းကြောင့် ဒေသခံ ပြည်သူများသည် လက်ဗလာဖြင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး စားနပ် ရိက္ခာ ပြတ်တောက်နေခြင်းကြောင့် အရေးပေါ် ကူညီ ထောက်ပံ့မှုများ ရရှိရန် လိုအပ်နေကြောင်း သိရသည်။

” နိုဝင်ဘာ ၂၅ ရက်နေ့က မာယာပင်ကျေးရွာကို စခတွေ ရောက်ရှိလာပြီး မာ ယာ ပင်ဘုန်းကြီးကျောင်းမှ တပ်စွဲခဲ့ပါတယ်။ သူတို့လာလို့ ပြည်သူတွေ တိမ်းရှောင် နေရပါတယ်။ ၂၆ ရက်နေ့ ညနေမှ စခတွေက မာယာပင်ရွာကနေ အနောက် ဘက် မြစ်ဘေးရှိ စိန်ပန်းကုန်းရွာဘက်ကို ခြေလျင်လျောက်ခဲ့ပါတယ်။ အလားတူပဲ စိန်ပန်းကုန်ရွာရှိ ပြည်သူတွေလည်း ထွက်​ပြေးနေရတယ်။ သူတို့က ၂ ရွာလုံးက ရွာက ထွက်လာတည်းက လက်ဗလာပြေးခဲ့ရလို့ ရက်က ကြာလာတော့ ရိက္ခာတွေ လုံးဝ မရှိတော့ဘူး။ အခြေအနေတော်တော်ဆိုးတော့ အစာ၊ ရေစာ ပြတ်တောက်ပြီး အားနည်းနေတဲ့ သူတွေပါရှိနေပါတယ်။ အကူ အညီ တွေ အရေးပေါ်လိုအပ်နေတယ်” ဟု စစ်ရှောင်များအရေး ကူညီ စောင့် ရှောက်နေသည့် ဗိုလ်မြေသြဇာက ပြောဆိုသည်။

လက်ရှိ မန္တလေးတိုင်း မတ္တရာမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြား တိုက်ပွဲများ ဆက်တိုက်သလိုဖြစ်ပွားလျက်ရှိပြီး စစ်ကြောင်း များ က ပြည်သူများနေထိုင်သည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူ ကို သတ်ဖြတ် ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလိုလုပ်ဆောင် လျက်ရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article