28 C
Yangon

ရွှေဘိုတွင် စစ်ကားကို PDF ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လှတောကျေးရွာမှ ရွှေဘိုဘက်သို့လာသည့် စစ်ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Shwe Bo Defense Force – SBDF က ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရွှေဘိုခရိုင် လှတောရွာမှ ရွှေဘို ဘက်သို့ လာသည့် စစ်ကားတစ်စီးကို တော်လှန်ရေးအဖွဲ့များက မန္တလေး၊ စစ် ကိုင်း၊ ရွှေဘိုလမ်းတစ်နေရာတွင် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၃ ဦး သေဆုံးပြီး ကျန်စစ်ကောင်စီဝင်များ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း Shwe Bo Defense Force – SBDF ထံမှ သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို Shwe Bo Defense Force (SBDF) စခန်း ၁ နှင့် မဟာ မိတ်များဖြစ်သည့် ဒေါင်းနီအရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီး လူး ဘကျော်တိုက်နယ်၊ တောကျီးကန်းနှင့် Anyar Revolution တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ငယ်များနှင့် စောင့်ကြိုပစ်ခတ်ခဲ့ ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်လည်း လှတောမှပင် ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ ၆ ဘီးကားတစ်စီးကို မိုင်း ၁၀ လုံးခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင် ၁၀ ဦးကျော် ဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကို Shwe Bo Defense Force (SBDF) စခန်း ၁ အဖွဲ့၊ ဒေါင်းနီအရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီးလူးဘကျော်တိုက်နယ် အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား စသည့် လမ်းမကြီးများ ပေါ်တွင် SBDF မိုင်းအဖွဲ့များနှင့် မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိသည့် အတွက် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်း မပြုကြရန်နှင့် ကားများကို မှန်ချမောင်းနှင်ရန် SBDF အဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နေ့ ၄ နာရီ ၄၅ မိနစ်အချိန်တွင် လက်နက် ကြီးဖြင့် ၃ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အတိုင်း ထိမှန်ခဲ့ကြောင်း တိုက်နယ်စွန် PDF က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ခွေးတွေဘက်ကလည်း လက်နက်ကြီး ၄ ချက် စစ်သေနတ်နဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ခွေးဘယ်နှကောင် သေတယ်ဆိုတာကိုတော့ အတိ အကျ မသိရသေးပေမယ့် မျက်မြင်နယ်ခံတွေရဲ့ ပြောပြချက်အရ ခွေးစခန်းဘေးနားက မူးမြစ်ထဲမှာ ခွေးသေတွေ ရေထဲ မျှောပစ်နေကြတာ တော်တော်များတယ်လို့ သိရပါတယ်” ဟု တိုက်နယ်စွန် PDF မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

တိုက်နယ်စွန် PDF အနေနှင့် ထိန်ကုန်ရွာနှင့် လက်ပံသာရွာကို စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ ပြန်လှည့်လာစေရန်အတွက် ရဲစခန်းကို သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲစခန်းဘက်မှ ပြန်ပစ် သော် လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓာတ်ပုံ- တိုက်နယ်စွန် PDF က စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းကို လက်နက် ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article