38 C
Yangon

ရုရှားစစ်ဗိုလ်ချုပ်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်မှု သတင်း ခေတ်သစ်ထံ ပေါက်ကြားမှု စစ်အရာရှိတချို့ ဖမ်းဆီး စစ်ဆေး ခံနေရ၊ Hilton Nay Pyi Taw ဟိုတယ်တွင် တည်းခိုနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရုရှားစစ်ဗိုလ်ချုပ်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်မှု သတင်း ခေတ် သစ်ထံ ပေါက်ကြားသဖြင့် စစ်အရာရှိတချို့ စစ်ဆေးခံနေရကြောင်း စစ်ဘက် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့် အဖွဲ့ လာရောက်မည့် အကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ၎င်းတို့၏ နိုင်ငံ ကူးလက်မှတ် မိတ္တူများနှင့်တကွ ရန်ကုန်ခေတ်သစ်က သတင်း ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက်မင်းအောင်လှိုင်က ရရှားစစ်တပ်၏ ဒုတိယ ကြည်း တပ် ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့် အဖွဲ့ကို တွေ့ဆုံခဲ့ပြီး ရုရှားနှင့် မြန်မာစစ်တပ်အကြား စစ်ရေး အရ ပူးပေါင်း ရေး ဆွေးနွေးခဲ့ကြသည်။

“ကြိုဆိုရေးကဏ္ဍမှာ တာဝန်ယူရတဲ့ စစ်အရာရှိတချို့ မေးမြန်းခံရတယ်လို့ သိရပါတယ်။ တချို့လည်း အဖမ်းခံထားရတယ်လို့ ကြားရပါတယ်။ အဓိက ရုရှားစစ်ဗိုလ်ချုပ်နဲ့ အဖွဲ့ရဲ့ နိုင်ငံကူးလက်မှတ် မိတ္တူ တွေ ၊လူစာရင်းတွေနဲ့ လည်ပတ် မယ့်ရက်အတိအကျတွေ ခေတ်သစ်ဆီ ပေါက်ကြားလို့ပါ။ မူလက သူတို့ က သတင်းထုတ်ပြန်ဖို့ မရှိဘဲ လျှို့ဝှက်လာကြတာပါ။ နောက်ပိုင်း ခေတ်သစ် မှာ နိုင်ငံကူး လက် မှတ် တွေကအစ ခရီးစဉ် ရက်အတိအကျတွေ ပေါက်ကြားကုန်လို့ ရောက်နေတယ်ဆိုတဲ့ သတင်း ထုတ် ပြန် တယ်လို့ သိရ ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ရုရှား စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၃၀ နီးပါး မြန်မာနိုင်ငံသို့ တစ်ပတ် နီးပါး လာရောက်ကြခြင်းဖြစ်သည်။

ရုရှားစစ်ဗိုလ်ချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်မှ ရုရှားနိုင်ငံသို့ ပြန်လည် ထွက်ခွာ မည် ဖြစ်ကြောင်း၊ ရုရှားမှ အထူးလေယာဉ်ဖြင့် အသွားအပြန်လုပ်ကာ လေယာဉ်ကုန် ကျစ ရိတ် မှစ၍ နေပြည်တော်တွင် တည်းခိုစရိတ်အထိ အကြမ်းဖက်စစ်ကောင်စီက အကုန်အကျခံခြင်း ဖြစ် ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် နေ ထိုင် ကြမည့် ရုရှား စစ်ဘက် ပုဂ္ဂိုလ် ၁၆ ဦးသည် Hilton Nay Pyi Taw ဟိုတယ် တွင် တည်းခိုနေပြီး အဆိုပါ ၁၆ ဦးမှာ-

၁-Mr.Alexey KIM(ရုရှားစစ်ဗိုလ်ချုပ်)
၂-Mr.Sergey VOROZHINTSEV
၃-Mr.Kirill MOROZ
၄-Mr.Evgenii VEBER
၆-Mr.Dmitrii POPOV
၇-Mr-Vitalii SHILKOV
၈-MrSergey GARBUZOV
၉-Mr.Mikhail YERMOLAEV
၁၀-Ms.Anastasia SOKOLOVA
၁၁-Mr.Roman NAZAROV
၁၂-Mr.Aleksandr VLASENKO
၁၃-Mr.Aleksandr BASOV
၁၄-Mr.Alexander DEGTEV
၁၅-Mr.Sergey SARATOV
၁၆-Mr.Aleksei RIABOV တို့ဖြစ်ကြောင်း သိရှိရသည်။

ရုရှားစစ်ဗိုလ်ချုပ် Mr.Alexey KIM နှင့် မင်းအောင်လှိုင်တို့ နိုဝင်ဘာလ ၂၉ ရက် နေ့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မ တော်နှစ်ရပ်အကြား ကာကွယ်ရေး ဆိုင် ရာ အပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူး ပေါင်း ရေး၊ ရုရှားနိုင်ငံသို မြန်မာစစ်တပ် ပညာတော်သင်များ စေ လွှတ် ရေး၊ နှစ်နိုင်ငံ စစ်တပ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article