35 C
Yangon

ထီးချိုင့်မြိုနယ်၊ အင်တိန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လေသာကျေးရွာကို လက်နက်ကြီး များဖြင့် ပစ်ခတ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ထီးချိုင်ြမြို့နယ်၊ အင်းတိမ်ကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့ နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်တပ်က အင်တိန်ကျေးရွာကို လက်နက်ကြီး များ ဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်လာကြောင်း၊ ယင်းနောက် နံနက် ၉နာရီခွဲတွင် ရွာကို မီးတင် ရှို့ခြင်း ဖြစ် ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ဝင်ရောက်လာသဖြင့် ပြည်သူများ ထွက်ပြေး နေရကြောင်း သိရှိရသည်။

“ရွာမဝင်ခင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးရွာထဲဝင်လာတာဖြစ်တယ်ဗျ။ မီးကတော့ရှို့နေတုန်း။မီးလောင်အိမ်အတိအကျတော့မသိဘူး။ မနက် ၇ ခွဲ လောက်မှာ လက်နက် ကြီးနဲ့ ပစ်ခတ်နေပါတယ်။ နံနက် ၉ နာရီ လောက်မှာ မီးရှို့ခံရတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က နေအိမ်များကို လုယက်ဖျက်ဆီးမှုများ၊ မီးတင်ရှို့မှုများ လုပ်ဆောင်ပြီး ကျေးရွာ တစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

အင်းတိန်ရွာကို စစ်သားတချို့က မီးရှို့နေချိန် အခြားစစ်သားတချို့က အင်တိန်ရွာနှင့် ရွာချင်း ကပ် လျက် လေသာရွာသို့ ဝင်ရောက်ဖျက်ဆီးရန် လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article