26.2 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: November, 2022

နမ့်ခမ်း၊ မင်းကင်း၊ သံတောင်ကြီး၊ မြဝတီ၊ ခင်ဦးနှင့် ပေါက် တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ စစ်သား ၁ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၉ ရှမ်းပြည်နယ် နမ့်ခင်းမြို့နယ်၊ စစ်ကိုင်းတိုင်း မင်းကင်းနှင့် ခင်ဦးမြို့နယ်၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ မြဝတီမြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ နမ့်ခမ်းတွင် စစ်တပ်...

နာမည်ကျော် ဟာသ၀တ္တုစာရေးဆရာ အကြည်တော် ပင်လုံဆေးရုံတွင် ကွယ်လွန်

ရန်ကုန်၊ နိုဝင်ဘာ ၉ နာမည်ကျော်ဟာသ၀တ္တုစာရေးဆရာ အကြည်တော်သည် ရန်ကုန်မြို့၊ ပင်လုံ ပုဂ္ဂလိကဆေးရုံတွင် ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိရသည်။ စာရေးဆရာအကြည်တော်၏ မိသားစုများက လူမှုကွန်ရက်တွင် စာရေးဆရာ အကြည်တော်ကွယ်လွန်ကြောင်းသတင်းကို အသိပေးထုတ်ပြန်ထားပြီး ယနေ့ ည ၈ နာရီ ၃၀...

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သရက်ချောင်းတွင် ပျူစောထီး အဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၁ စီး မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၁ စီး မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် KTV မှ ပြန်လာသည့် ပျူစောထီးများ လိုက်ပါလာသော ကား...

မင်းအောင်လှိုင်လိုက်ပါသောကားကို ဝင်တိုက်လုနီးပါး ဖြစ်ခဲ့တဲ့ ရထားမောင်း ဖိုးလပြည့် ရာထူး လျှော့ ၊ လစာ ၆ လလျှော့ ပြစ်ဒဏ်ဖြင့် ရထားစက်ခေါင်းမောင်း သင်တန်း ပြန်တက်ခိုင်း၊ ရထားမန်နေဂျာအာမခံ၍ အမှုမှ လွတ်မြောက်

ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက် မင်းအောင်လှိုင်ယာဉ်တန်းကို ရထားဖြင့် ဝင်တိုက်လုနီးပါးဖြစ်ခဲ့ရသည့် ရထားမောင်းဖိုးလပြည့်ကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် လစာ ၆ လျှော့ ၊ ရာထူးလျှော့ချမှုပြစ်ဒဏ်ဖြင့် ရထား စက်ခေါင်းမောင်း သင် တန်းပြန်တက်ခိုင်းကာ အရေးယူခံထားရကြောင်း မီးရထားသတင်းရပ်ကွက်ထံမှ သိရှိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေ ၆...

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ သပိတ် ချီတက် ဆန္ဒပြသည့် ရက်ပေါင်း ၅၀၀ ပြည့်နေ့ အဖြစ် "ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်" စာတန်း...

ပြည်ကြီးတံခွန် သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၉ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဃသမဂ္ဂ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၉ သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက "ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ကိုမှ အားကိုးနေလို့မရပါဘူး ကိုယ့်နိုင်ငံရဲ့အရေးကို ကိုယ့်ပြည်သူတွေကပဲလုပ်ကြရမှာပါ" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း...

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img