25 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: November, 2022

မြိုင်တွင် စစ်အာဏာရှင် ကျဆုံးရေး ဆီမီးသပိတ် ချီတက်

ရန်ကုန်၊ နိုဝင်ဘာ ၈ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဆန့်ကျင်ရေး ဆီမီးသပိတ်အဖြစ် ပြည်သူများ ချီတက် ကြွေးကြော် ဆန္ဒပြကြသည်။

မြင်းခြံတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူထောင်ချီ ထွက်ပြေးရ

ရန်ကုန်၊ နိုဝင်ဘာ ၈ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် ပျားကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်တပ်က...

အရာတော်တွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးခန့် ထိခိုက် သေဆုံးကာ စစ်တပ်က မွေးမြူရေးခြံများကို မီးရှို့ဖျက်ဆီး၊ မုံရွာမြို့ရှိ အရာရှိ ရိပ်သာ ပစ်ခတ်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၈ စစ်ကိုင်းတိုင်း အရာတော် မြို့နယ်တွင် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ပကဖ - အရတ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် မွန်းလွဲ...

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၈ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထိုင်းတွင် အလုပ်လုပ်ခွင့် ပန်းရောင်ကတ် လုပ်ကြသော မြန်မာလုပ်သား ၁၀၀ ကျော် ငွေလိမ်ခံရ

ရန်ကုန်၊နိုဝင်ဘာ ၈ ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ပန်းရောင်ကတ်ခေါ် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ် ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမား ၁၀၀ ကျော်ထံမှ ငွေကြေးလိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း အလိမ်ခံလိုက်ရသော မြန်မာအလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမား အနည်းဆုံး ၁၀၀ ကျော်သည် ဘတ်ကတ်ဟုလည်းခေါ်သည့် ပန်းရောင်ကတ်ကို ပြုလုပ်ရန် မယုဇနထွန်းအမည်ရှိ ပွဲစားနှင့်ချိတ်ဆက်ခဲ့ကြကြောင်း ၎င်းတို့က...

လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် "ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...

“ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် "ဦးအောင်ဆန်းသမီးနေကောင်းကျန်းမာပါစေ" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photos - AungKhantZaw

Latest news

- Advertisement -spot_img