26 C
Yangon

တောင်သာတွင် စစ်ကောင်စီခန့် အောင်သာရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး နှင့် တန့်ဆည်တွင် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရ ပြီးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

မန္တလေး၊ တောင်သာမြို့နယ်၊ အောင်သာကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Natogyi Regional Defense Force-NRDF ထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် PDF ပြောက်ကျား တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သိန်းစိုးသည် စစ်တပ်အတွက် အလုပ်လုပ် နေသူ ဖြစ်ပြီး ကျေးရွာနေပြည်သူလူထု အပေါ်တွင် အာဏာသုံးပြီး ခြိမ်း ခြောက် ခြင်း၊ PDF တပ်ဖွဲ့ဝင်များကိုလည်း စိန်ခေါ်ခြိမ်းခြောက်ထားသူ ဖြစ် ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi Regional Defense Force -NRDFနှင့်အတူ The Value Of Young Men တောင်သာ၊ မလှိုင်တော်လှန်ရေး အင်အားစု များ က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုပေါ်တွင် ဆိုင်ကယ်စီးလာသော လက် နက် ကိုင် ပျူစောထီးနှစ်ဦးကို PDFရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦး စလုံးသေဆုံးပြီး ကျည်ဘောက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း PDFသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို၊ ကျွဲဆွဲ အထက်တန်းကျောင်းအနီးသို ဆိုင်ကယ် တစ်ယောက်တစ်စီးဖြင့် ထွက်လာသော ပျူစောထီး ၂ ဦးကို ‌ဒီဇင် ဘာလ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရွှေဘိုခရိုင်တပ်ရင်း(၂၅)နှင့် တန့် ဆည်မြို့နယ် (ပကဖ) ပူးပေါင်းအဖွဲက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တန့်ဆည်မြိုခံတစ်ဦးက “ပျူနှစ်ယောက်က ဆိုင်ကယ်တစ်ယောက်တစ်စီး နဲ့လာတာ ကျွဲဆွဲစာသင်ကျောင်းနားရောက်တော့ PDFတွေက စောင့်ပစ်တာ၊ တစ်ယောက်ပွဲချင်းပြီး သေတယ်၊ ဒဏ်ရာရတဲ့ကောင်က သေနတ်ယူပြီး နောက် ပြန်ပြေးတာ သေနတ်ကိုလည်း မြောင်းထဲ ပစ်ချတယ်လို ကြားတယ်၊ အဲ့ဒါ ကျည် ဘောက်နဲ့ ကျည်ဆန်တွေပဲ ကျကျန်ခဲ့တာ”ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနသို ပြောဆိုသည်။

အဆိုပါ ပျူစောထီးများမှာ အင်္ကုက္ကားရွာတွင် နေထိုင်သော မျိုးထွန်းနှင့် ဉာဏ် သီးတို ဖြစ်ပြီး တစ်ဦးမှာ ပစ်ခတ်ခံရပြီးနောက် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးရင်း တန့်ဆည်မြို့ ပိတောက်ဝါစတိုး ရှေ့တွင် လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးများ ပါလာခဲ့သော ကာဘိုင်သေနတ်ကို ဒဏ်ရာဖြင့် ထွက်ပြေး သွားသော ပျူစောထီးက ယူဆောင်သွားသဖြင့် သေနတ်ကျည်ဘောက်နှင့် ကျည် ၁၂ တောင့်သာ သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၂၅)ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article