32 C
Yangon

မြောက်ဒဂုံထွေ/အုပ်ရုံးနှင့်စည်ပင်ရုံးကို ဗုံးခွဲတိုက်ခိုက်၊ လှိုင်တွင်လည်း ဗုံး၂ ကြိမ်ပေါက်ကွဲပြီး စစ်တပ်က လမ်းပိတ်စစ်ဆေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ထွေ/အုပ်ရုံးနှင့် ခရိုင်စည်ပင် သာယာ ရေးရုံး ကို ယနေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် Special Nway Oo (SNO) ပျောက်ကျားတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်း ထုတ်ပြန်သည်။

SNO က မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းပေါ်နှင့် ပြည်ထောင်စုလမ်းထောင့်ရှိ ထွေ/ရုံးနှင့် ခရိုင်စည်ပင်ရုံးတွင် စစ်ကောင်စီများ အရေးပေါ် အစည်းအဝေး ပြုလုပ်နေသည်ဟု သတင်းရရှိ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးကို အတိ အကျ မသိရှိရသေးကြောင်း SNO က ဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ် ဘာတာမှတ်တိုင် Red X ဘီယာဆိုင်အနီးတွင် ယနေ့ ည ၉ နာရီ ၃ မိနစ်ဝန်းကျင်အချိန် ဗုံးနှစ် ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“အင်းစိန်လမ်းမပေါ် ဘာတာမှတ်တိုင် Red X ဘီယာဆိုင် အပြင်ဘက်တွင် ဗုံးပေါက်တာပါ။ လူမထိခိုက်ဘူး။ ဆိုင် ရဲ့ မီးဖိုချောင် နောက်ဘက် အပြင် ဘက် မှာ ပေါက်ကွဲတယ်။ အဲဒါ စစ်တပ်က လမ်းပိတ်ပြီးတော့ အကုန် စစ်နေ တယ်။ စစ်သားတွေက မူးရူးနေတယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆို သည်။

ဓာတ်ပုံ- မြောက်ဒဂုံထွေအုပ်ရုံးရှိရာလမ်း။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article