28 C
Yangon

ရေတာရှည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးနှင့် ပျူစောထီး ၁ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ညောင်ပင်သာကွေ့၌ ညကင်းစောင့်ရန် လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီကျော်တွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ( ဒေါင်းမင်းသားမြို့ပြUGအဖွဲ့) က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများရှိကြောင်း Bago Region PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိုင်းခွဲပြီးတဲ့နောက်မှာ သူတို့ဘက်က ပြန်ပြီး ပစ်ခတ်တာတော့မရှိဘူး။ ဒါပေမဲ့ လုံခြုံရေးတွေတော့ အဲ့နေရာမှာ တိုးချထားတယ်” ဟု ပဲခူးတိုင်း ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ နန်းထိုက်အောင်စစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု နောက်ဆက်တွဲအ‌ခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article