ရန်ကုန်၊ ဒီဇင်ဘာ ၄
ကနေဒါနိုင်ငံ၊ Alberta ပြည်နယ် Edmonton မြို့ Shaw Theatre တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ပြသနေပြီး National Unity of Ethnic Groups of Myanmar အဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ ၃ ရက် တွင်ပြသလျက် ရှိကြောင်းသိရသည်။
အဆိုပါ ရုပ်ရှင် ဇာတ်ကားကို Edmonton မြို့နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုများက ရာသီဥတု မကောင်းသည့် ကြားမှ တခဲနက် တက်ရောက် အားပေး ကြည့်ရှု့ ခဲ့ကြောင်းသိရသည်။
အဆိုပါရုပ်ရှင်ပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ကိုရီးယား မှ မရွှေမိုး CDM ဗိုလ်ကြီး လင်းထက်အောင်တို့မှ တက်ရောက်ပြီး အမှတ်တရစကားများပြောကြားခဲ့ပြီး အလှမယ်ဟန်လေးမှကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ရုပ်ရှင်ဇာတ်ကား ပြသမှုမှ ရရှိထားသော ရန်ပုံငွေ အလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတို ကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တစ်ဦး၏ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။