26.1 C
Yangon
- Advertisement -spot_img

TAG

politics

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးကြရေး စည်းရုံးလှုပ်ရှားကြရန် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက အမိန့်ပေး၊ လုံခြုံရေးစိုးရိမ်မှုကြောင့် စည်းရုံးရေး မလုပ်ရဲသေး

ရန်ကုန်၊ ဇူလိုင် ၁၈ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးကြရေး ကြံ့ဖွတ်ပါတီက ဦးဆောင် စည်းရုံးလှုပ်ရှားကြရန် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက အမိန့်ပေးညွှန်ကြားလာကြောင်း ကြံ့ဖွတ်ပါတီသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တစ်နိုင်ငံလုံးရှိ ကြံ့ဖွတ်ပါတီဝင်များအနေဖြင့် ယခုနှစ်ကုန်ပိုင်း စစ်တပ်က ဦးဆောင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူများ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်...

ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ပါဝင်သွားမည်

ရန်ကုန်၊ ဇူလိုင် ၁၅ ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ(ARNC) ကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီတွင် ဗဟိုအလုပ်အမှုဆောင် ၄၀ ဦး၊ ဗဟိုကော်မတီဝင် ၆၀ ဦးပါဝင်ပြီး နိုင်ငံတကာမှ ရိုဟင်ဂျာ...

မြန်မာနိုင်ငံတွင် ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွားလာမှုအပေါ် အာဆီယံက အလွန်စိုးရိမ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံတွင် ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ဆိုးရွားလာမှုအပေါ် အာဆီယံက အလွန်စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်သည်။ ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ကြေညာ ချက်တွင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ မြင့်တက်လာခြင်းနှင့်...

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း ရရှိအောင် တိုက်ခိုက်ပေးလျှင် အပိုင်စားအုပ်ချုပ်ခွင့်ပေးမည်ဟုဆိုကာ DKBA ဗိုလ်ဘိအဖွဲ့ကို စစ်ကောင်စီက မက်လုံးပေး စစ်ကူတိုက်ခိုင်းနေ

ရန်ကုန်၊ဇူလိုင် ၁၂ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း ရရှိအောင် တိုက်ခိုက်ပေးလျှင် အပိုင်စားအုပ်ချုပ်ခွင့်ပေးမည်ဟုဆိုကာ DKBA ဗိုလ်ဘိအဖွဲ့ကို စစ်ကောင်စီက မက်လုံးပေး စစ်ကူတိုက်ခိုင်းနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကရင့်တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်စိုးမိုးထားသည့် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ် ရန်အတွက် အကြမ်း ဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ကူများဖြင့် စစ်ကြောင်းထိုး၍ အပြင်းအထန်...

အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာ မင်းအောင်လှိုင်ကိုယ်တိုင် မြန်မာ ဘာသာဖြင့် ရေးသားခဲ့ပြီး အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေရန် စစ်ခေါင်းဆောင် အလွန်ဆန္ဒထက်သန်နေ

ရန်ကုန်၊ ဇူလိုင် ၁၂ အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ် တိုင် မြန်မာဘာသာဖြင့် ရေးသားခဲ့ပြီး အမေရိကန်နှင့် အဆင်ပြေရန် စစ်ခေါင်းဆောင် ဆန္ဒထက်သန်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အမေရိကန်သမ္မတထရမ့်က အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို ဩဂုတ်လ ၁ ရက်နေ့မှ...

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မအောင်မြင်မှုမှာ ပဋိပက္ခ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် သဘော ထားကွဲလွဲမှုများကြောင့်ဟု မင်းအောင်လှိုင် အပြစ်ဖို့ပြန်

ရန်ကုန်၊ ဇူလိုင် ၁၁ မည်သည့်အစိုးရတာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင်အလုပ်လုပ်မှ အကျိုးခံစားခွင့် ရရှိမည်ဖြစ်သော် လည်း လက်ရှိ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မအောင်မြင်မှုမှာ ပဋိပက္ခ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် သဘော ထားကွဲလွဲမှုများကြောင့်ဟု မင်းအောင်လှိုင် အပြစ်ဖို့ပြောဆိုသည်။ ယမန်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ရှေ့နောက်မညီသော...

မြန်မာနိုင်ငံတစ်ဝန်းမှ စစ်မှုထမ်း တိမ်းရှောင်သည့် လူငယ်များကို စစ်ပြေးအဖြစ် စာရင်းသွင်းပြီး NSIMS နှင့် PSMS စနစ်များဖြင့် ဖမ်းဆီးရန် စစ်ကောင်စီက ပြင်ဆင်၊ အလိုရှိ စာရင်းသွင်းရန် ၂ လနီးပါးအချိန်ယူရ

ရန်ကုန်၊ ဇူလိုင် ၁၀ အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းမှ စစ်မှုထမ်း တိမ်းရှောင်သည့် လူငယ်များကို စစ်ပြေးအဖြစ် စာရင်းသွင်းပြီး စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) နှင့် Person Scrutinization and Monitoring System (PSMS) Applicationစနစ်များဖြင့်...

အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အခွန်ရှောင်လျှင် ရာခိုင်နှုန်းထပ်မံတိုးမြှင့်မည်ဟု အမေရိကန်သမ္မတထရမ့်က မင်းအောင်လှိုင်ထံသို့ စာရေးအသိပေး

ရန်ကုန်၊ ဇူလိုင် ၈ အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အခွန်ရှောင်လျှင် အခွန်ရာခိုင်နှုန်းထပ်တိုးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတထရမ့်က အကြမ်းဖက်မင်းအောင်လှိုင်ထံသို့ စာရေးသားပေးပို့၍ ပြောဆိုလိုက်သည်။ ဇူလိုင်လ ၇ ရက်နေ့ မင်းအောင်လှိုင်အပါအဝင် ထိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘော...

အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူတကွ ဆန့်ကျင်ကြရန် NUCC နှင့် NUG က တော်လှန်ရေးအင်အားစုများကို ပန်ကြား

ရန်ကုန်၊ ဇူလိုင် ၅ အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူ တကွ ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ - NUG တို့ပူးပေါင်းဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း...

မြန်မာဒုက္ခသည်များ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့၍ UNHCR India ရုံးကို အရေးယူပေးရန် အဖွဲ့အစည်း ၁၄၁ ဖွဲ့က UNHCR ရုံးချုပ်ကို တိုင်ကြားစာ ပေးပို့

ရန်ကုန်၊ ဇူလိုင် ၄ UNHCR India ရုံးတွင် ဒုက္ခသည် အဖြစ် မှတ်ပုံတင်ကာ အကာအကွယ်တောင်းခံခဲ့သည့် မြန်မာနိုင်ငံသားများ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို UNHCR India ရုံးက အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့၍ UNHCR India ရုံးကို အရေးယူပေးရန် အဖွဲ့အစည်း ၁၄၁ ဖွဲ့က...

Latest news

- Advertisement -spot_img