25 C
Yangon

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

ချင်းတွင်းမြစ် ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် “ဘာကြောင့်မှနောက်မဆုတ်နဲ့” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ဒီတော်လှန်ရေးဟာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ နောက်မဆုတ်ပဲ ရှေ့သို့ ဆက်လက်ချီတက်ရပါမယ်။ ကျဆုံးသွားသောသူရဲကောင်းများ ဘဝပေးလိုက်ရတဲ့ ရဲဘော်များကို စာနာစိတ်လေးထားပြီး ဆက်လက်တော်လှန်နေဖို့လိုပါတယ်။ မည်သည့်အကြောင်းကြောင့်နဲ့မှ စစ်ကောင်စီ (မုဒိန်းတပ်)ကို ဆွေးနွေးညှိနှိုင်းနေဖို့မလိုပါဘူး။ ကျနော်တို့ပြည်သူတွေရှေ့ကိုဆက်ပေးကြပါ။ ဘာကြောင့်မှ နောက်မဆုတ်ပါနဲ့” ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီဝင် တစ်ဦးက ဟောပြောခဲ့သည်။

Photos -AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article