ရန်ကုန်၊ ဒီဇင်ဘာ ၆
ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင် ပင်မသပိတ် စစ်ကြောင်းနှင့် မုံရွာအမြင့်လမ်းဘေး သပိတ်အဖွဲ့ဝင်တို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် “လူဖြစ်ချင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် ဒို့တော်လှန်မှရလိမ့်မယ်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။