32 C
Yangon

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီက သေ ဒဏ်ချမှတ်မှုအပေါ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ထိုင်း-မြန်မာ ကျောင်းသားများ စုပေါင်း ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်လိုက်မှု အပေါ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ထိုင်း-မြန်မာ ကျောင်းသားများ စုပေါင်းပြီး ချင်းမိုင် ဘုရင်သုံးပါးအထိမ်းအမှတ်နေရာတွင် ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ညနေပိုင်း ဆန္ဒပြကြသည်။

အဆိုပါဆန္ဒပြမှုကို ထိုင်းဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့ကြပြီး မတရားသောသေဒဏ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ကျောင်းသား ၇ ဦးစလုံးကို ချက်ချင်းပြန်လည် လွှတ်ပေးရေး Performance Art များ ပြုလုပ်ကန့်ကွက်ကြောင်း သိရှိရသည်။

“ဒီသေဒဏ်တရားစီစဉ်မှုဟာ နိုင်ငံတကာလူ့အခွင့်အရေးစည်းမျဉ်းစည်းကမ်းတွေနဲ့လည်းမကိုက်ညီဘူး။ နိုင်ငံတွေမှာ သေဒဏ်နဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိကြပေမယ့် ကြိုးပေးသတ်ဖြတ်မှု တွေကို မလုပ်ကြတော့ဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ကောင်စီက သေဒဏ်ပေးထားသူ အယောက် ၁၄၀ ကျော် ရှိနေပြီ။ နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားမှုနယ်ပယ်က နာမည်ကြီးလေးယောက်ကိုလည်း ကြိုးပေးသတ်ခဲ့ကြပြီးပြီ။ ခုလည်း ဒဂုံတက္ကသိုလ်က ကျောင်းသားငယ်လေးတွေကို သေဒဏ်ထပ်ချတယ်။ အကြောင်းက သူတို့ဟာ မြန်မာ နိုင်ငံမှာ စစ်အာဏာ ရှင်စနစ်ကိုမလိုချင်လို့ ဒီမိုကရေစီအရေးအတွက် ဆန့်ကျင်လှုပ်ရှားခဲ့ကြတာပါ။ ခု စစ်ကောင်စီ ရဲ့ အနာဂတ်နိုင်ငံခေါင်းဆောင်ရတနာတွေဖြစ်လာမယ့် ကျောင်းသားလူငယ်တွေကို သေဒဏ်ပေးနေခြင်းဟာ နိုင်ငံအနာဂတ်ကို ဖျက်ဆီးပစ်နေတာပဲဖြစ်တယ်။ ဒါကြောင့် ထိုင်း-မြန်မာကျောင်းသားတွေစုပေါင်းပြီး မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ရမ်းကားရက်စက်မှုတွေကို အဆုံးသတ်ဖို့၊၊ သေဒဏ်နဲ့ ခြိမ်းခြောက်ဖိနှိပ်နေတာ တွေရပ်တန့်ဖို့၊ ငါတို့သူငယ်ချင်းတွေကို အကြမ်းဖက်ရက်စက်နေတာတွေရပ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်” ဟု ဆန္ဒပြကြသူများက စုပေါင်းထုတ်ပြန်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article