26 C
Yangon

ထီးချိုင့်ရှိ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၈၀ ခန့် ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်တိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း သိရသည်။

“မနေ့က စစ်ခွေးတွေ မီးရှို့လို့ ဇီးသောင် အရှေ့နဲ့ အနောက်ရွာက နေအိမ် ၈၀ လောက်ပြာကျသွားတယ်။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို စစ်ခွေးတွေက မီးရှို့သွားတာ” ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article