ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေး သပိတ်အင်အားစု (ကနီမြို့နယ်) နှင့် ဒေသခံပြည်သူများမှဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးများသံချဆေးတိုက်ကျွေးခြင်း (၁၂)ရက်တာ လှုပ်ရှားမှု့
ပြုလုပ်ခဲ့ပြီး ကလေးသူငယ် ငါးထောင်ကျော် ဆေးတိုက်ကျွေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အသက် ၂ နှစ်မှ ၁၂ အထိ ကလေးများကို သံချဆေးတိုက်ကျွေးခြင်းလှုပ်ရှားမှု့ကို နိုဝင်ဘာလ ၂၉ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၂ ရက်တာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကျေးရွာ၅၀ ရွာမှ ကလေးပေါင်း ၅၅၁၂ ဦးကို သံချဆေးတိုက်ကျွေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေသော စစ်ဘေးရှောင်ကျေးရွာများမှ ကလေးသူငယ်များကို သံချဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်များအနေနှင့် ဆေးဝါးပစ္စည်းများဝယ်ယူနိုင်ရန် ပါဝင်အားဖြည့် ကူညီပေးကြရန် လိုအပ်နေကြောင်းသိရှိရသည်။