38 C
Yangon

ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်းကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလအတွင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာ အနီးအနား၌ အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သားများ ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ ရွာလုံးကျွတ် ပြောင်းရွေ့ပေးရန် ခြိမ်းခြောက် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက် စစ်တပ်မှ စစ်သားများ လာရောက် ခြိမ်းခြောက် ပြောဆိုပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရတနာပုံ(မိုင်း)ရွာ အတွင်းနေထိုင်သည့် ဒေသခံ ပြည်သူ ၄၀၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်ရှိ ပကျွပ်ခရိုင် ဘန်စဲဖန်မြို့နယ် ခေါင်လွဲရွာတွင် စစ်ရှောင်များအဖြစ် တိမ်းရှောင် နေရကြောင်း သိရသည်။

” အခုက ရွာလုံးကျွတ် ထွက်ပြေးလာရတော့ ထိုင်းဖက်က အာဏာပိုင်တွေ ကူညီပေးနေတာ တချို့ရှိနေပေမယ့် လောလောဆယ် မှာကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတာမျိုးတော့ ရှိတယ်” ဟု စစ်ဘေးရှောင် အရေးကူညီစောင့်ရှောက်နေသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article