ရန်ကုန်၊ ဒီဇင်လာ ၁၃
မုံရွာမြို့ပေါ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ ဗိုလ်ချုပ်ကြေးရုပ် စစ်တပ် ဘန်ကာအနီးနှင့် မြို့လယ် နေရာ တစ်ချို့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြ လှုပ်ရှားမှုတွင် တော်လှန် လူငယ်များက “လိပ်ပြာလုံပါစေ”၊ “စစ်အာဏာရှင်အလိုမရှိ” ၊ “လုံးဝအုပ်ချုပ်ခွင့် မရစေရ”နှင့် “PTT ကို သပိတ်မှောက်ကြ” စသည့် စားသားများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
” ဒီနေ့ကရုံးဖွင့်ရက်ဆိုတော့ ခွေးတွေကလုံခြုံရေးကို နေရာတော်တော်များများမှာချထားတာဗျ ။ဗိုလ်ချုပ်ကြေးရုပ် ရှေ့ဆိုလည်း ကင်းတဲမှာ ခွေး၂ကောင်ရှိတယ်တယ်ဗျ အခက်ခဲတွေကြားက အရဲ့စွန့်ပြီးထွက်ခဲ့တာပါ” ဟု သပိတ် ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။