26 C
Yangon

မန္တလေးတိုင်း၊ အမပူရမြို့ကို ဗဟိုပြုလှုပ်ခတ်သည့် ပြင်းအား ၄ ဒသမ ၇ အဆင့် ရှိ ငလျင် ပြည်သူများ သိသာစွာ ခံစားရ၊ ရှေးဟောင်း ဆင်ဖြူတော်ရုပ်တု မေးရိုး ပြုတ်ကျပြီး စေတီတချို့ စိန်ဖူးတော်မြေခ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မန္တလေးတိုင်း၊ အမပူရမြို့ကို ဗဟိုပြုလှုပ်ခတ်သည့် ပြင်းအား ၄ ဒသမ ၇ အဆင့် ရှိ ငလျင်တစ်ခု ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ဝန်းကျင်တွင် လှုပ်ခတ်သွားခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားရကာ ပုဂံမင်းခေတ်မှ ဆင်ဖြူတော်ရုပ်တု မေးရိုး ပြုတ်ကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၈ မိနစ်အချိန် မန္တလေးတိုင်း အမရပူရမြို့၏ အနောက် တောင်ဘက် ၃ မိုင် ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၄ သမ ၇ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး ပြည်သူများ ခံစားသိရှိရကြောင်း သိရှိရသည်။

“ခုနက လှုပ်တဲ့ ငလျင်ကြောင့် ၈၆ လမ်း ၂၇-၂၈ ကြားက ပုဂံမင်းရဲ့ကုသိုလ် ဆင်ကြီးနှစ်ကောင်ထဲက တောင်ဖက်ဆင်ကြီး မေးရိုးတော် ပြုတ်ကျပါတယ်။ အဲဒီဆင်ဖြူရုပ်တွေက ချမ်းအေးသာစံမြိုနယ်၊ ကိုင်းတန်းစျေးမှာရှိတာ။ နောက်ပြီး မြေစုဝန်ကျောင်းထဲမှာလည်း စေတီတစ်ဆူ စိန်ဖူးတော်မြေခတယ်။ ငလျင်ကတော့ ကြမ်းတယ်။ တော်တော်သိသာတယ်။ ခံစားရတာ။ စက္ကန့်ပိုင်းလောက် မူးသွားတာပဲ” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မန္တလေးတွင် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ဝန်း ကျင်အချိန်၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်လှုပ် ခတ် ခဲ့ ပြီး စစ်ကိုင်းပြတ်ရွေ့နှင့်ဆက်စပ်သော ငလျင်များ ဖြစ်ကြောင်း မိုးလေဝ သ ဌာနထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article