29 C
Yangon

ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ် တောနော်ရေတံခွန်အနီးရှိ တံတား မိုင်းခွဲခံရပြီး ပျက်စီးသွားသဖြင့် ကားများ သွားမရတော့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ် ကော့နွဲ့ကျေးရွာ အနီး တောနော်ရေတံခွန်ပတ်ဝန်းကျင်တွင် ရှိနေသော တံတား တစ်ခု ယနေ့ နံနက်ပိုင်း မိုင်းခွဲခံရပြီး ပျက်စီးသွားသဖြင့် ကားများ သွားမရတော့ကြောင်း ဒေသပြည်သူများနှင့်ခရီးသွားပြည်သူများက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါတံတား၏ အောက်ခြေတိုင်များ မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားပြီး တံတားမှာလည်း ယိုင်နဲ့သွားကြောင်း၊ လတ်တလော ကားလေးများ ခပ်ဖြည်းဖြည်း မောင်းနှင်ဖြတ်သန်းမှု ရှိသော် လည်း စိတ်ချရသည့်အခြေအနေ မရှိတော့ကြောင်း၊ အချိန်မရွေး တံတားပြို ကျနိုင်ကြောင်း ခရီးသွားပြည်သူ တစ်ဦးက ဆိုသည်။

“အောက်ခြေဖောင်ဒေးရှင်တိုင်တွေ ထိသွားတော့ တံတားက ယိုင်နဲ့သွားတယ်။ ကားလေးတွေတော့ စမ်းဖြတ်ကြတယ်။ အခုတော့ မဖြတ်ရဲကြတော့ဘူး။ ကားကြီးတွေတော့ လုံး၀ ဖြတ်မရဘူး။ မနက်ပိုင်းတုန်းက တိုက်ပွဲဖြစ်သံ တွေ လည်း ကြားရတယ်။ အခုတော့ သေနတ်သံမကြားရတော့ဘူး။ ကားတွေတော့ ဖြတ်မရလို့ တချို့တော့ နောက်ကြောင်းပြန်လှည့်ကြတယ်” ဟု ခရီးသွား ပြည် သူ တစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ် ကောင် စီတပ်စခန်းများကို ကော်သူလေး တပ်မတော်၊ KNLA တပ်များ၊ PDF တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း တော်လှန်ရေး တပ်ဖွဲ့ များ၏ အဆို အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article