ရန်ကုန်၊ ဒီဇင်ဘာ ၁၆
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အရှိန်အဟုန်မြင့်တက်လာတဲ့တော်လှန်ရေးအပေါ်
အဆုံးသတ်မယ်စိတ်နဲ့ ဆက်လက်တော်လှန်ကြ အောင်ပွဲကြီးက နီးလာပြီ။” စာတန်း ကိုင်ဆောင်ကာ ဆရာတော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။