26 C
Yangon

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ၊ ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ)၊ ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံပြည်သူလူထုပူးပေါင်းပါဝင်ကာ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချီတက် ဆန္ဒပြပွဲကို “သူရဲကောင်းဝါဒဆန့်ကျင်ကြ တော်လှန်ရေးကိုဆုံးခန်းတိုင်ဆင်နွှဲကြ” ၊ “မတရားတဲ့သူတွေကြီးစိုးနေသမျှ လူတိုင်းရဲ့လည်ပင်းမှာကြိုးကွင်းစွပ်ပြီးသားပဲ” စသည့် စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo – BEGSC_MYAING

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article