ရန်ကုန်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီး မှု နေအိမ် ၈၀ လုံးပြာကျခဲ့ကြောင်း S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်း မြို့နယ် အတွင်း ရှိ မဲအိုးရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၈၀ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
“မဲအိုးရွာလည်း ဆုံးရှုံးမှုများတယ်။ တစ်ရွာလုံးနီးပါက အိမ်တွေ ကုန်သ လောက် ကို ပြာကျသွားတာ နေအိမ် ၈၀ လောက် မီးထဲပါသွားတယ်။ ပိုဆိုး တာ က ဆန်တွေကိုပါ ဓာတ်ဆီတွေ စားသုံးဆီတွေပါ လောင်းထည့် ပြီး ဖျက် ဆီးသွားတာ ပြည်သူတွေကတော့ အခုအချိန် စားနိပ်ရိက္ခာပါ လိုအပ် နေတာ ဆောင်းတွင်းကြီးဆိုတော့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်” ဟု S&C စစ်ဘေး မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။