By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုပြီးဆိုးရွား လာ နေတာကိုဖြေရှင်းဖို့နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ကူညီပံ့ပိုးနိုင်ဖို့အတွက် လာမယ့် ၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၁ သန်း လျာထားပေးဖို့ အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ် ၁၄ ဦးက မတ်လ ၁၃ ရက်နေ့မှာ စုပေါင်းလက်မှတ်ရေးထိုးပြီး တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်း–မြင်းခြံလမ်းပိုင်းမှာ အင်အားဖြန့်ကျက်ပြီး နေရာယူထားတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဘက်က ပြောပါတယ်။
မန္တလေးတိုင်းမှာ လက်ရှိအခက်အခဲအကျပ်အတည်းတွေ များစွာကြုံတွေ့နေရပေမယ့် စစ်အာဏာရှင်ကို တော်လှန်တဲ့လှုပ်ရှားမှု အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်ချီတက်ကြဖို့ PDF TRI ဗျူဟာဘက်က ကြေညာတိုက်တွန်းထားပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက စီးပွားရေးတင်းမာမှုတွေကို လျှော့ချဖို့နဲ့ လာမယ့်မတ်လကုန်မှာ ပြုလုပ်မယ့် သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပေကျင်းခရီးစဉ်အတွက် လမ်းခင်းပေးဖို့ရည်ရွယ်ပြီး နှစ်နိုင်ငံ စီးပွားရေးအကြီးအကဲတွေဟာ ပါရီမြို့မှာ တနင်္ဂနွေနေ့ကစပြီး ဆွေးနွေးပွဲတွေ စတင်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




