28 C
Yangon

သရက်မြို့နယ်တွင် GTI ကျောင်းသားကျောင်းသူ ၃ ဦး ဧရာ၀တီမြစ်အတွင်း ရေနစ်သေဆုံး

Must read

သရက်မြို့နယ်တွင် GTI ကျောင်းသားကျောင်းသူ ၃ ဦး ဧရာ၀တီမြစ်အတွင်း ရေနစ်သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ သရက်မြို့နယ်တွင် GTI ကျောင်းသားကျောင်းသူ ၃ ဦး ဧရာ၀တီ မြစ် အတွင်း လှေစီးခြင်း၊ ရေကူးကြရာမှ ရေနစ်သေဆုံးကြောင်း ဒေသ ပရဟိတ အဖွဲ့နှင့် ပြည်သူများက ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲကျော်အချိန်တွင် GTI ကျောင်းသား ကျောင်းသူ ၈ ဦးသည် လှေစီး၍ မြစ်အတွင်း ရေဆင်းကူးကြရာမှ ကျောင်းသား ကျောင်းသူ ၃ ဦး ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

” GTI ကျောင်းသား မောင်သီဟစိုး၊ ကျောင်းသူ မချောသရဖူစိုး၊ ကျောင်းသူ မမေမြတ်နိုးဝေ ၃ ဦးလုံး ရေနစ်ဆုံးပါးပါတယ်။ ရေက ကျရေ ဖြစ်တော့ ရေစီး လည်း သန်နေတဲ့အချိန်ဖြစ်တာ။ ညနေမှ အလောင်းပြန်ရှာတွေ့တယ်။ သူတို့ က ဧရာ၀တီမြစ်အလယ် ရေလယ်မှာ ကျွန်းတွေပေါ်တဲ့နေရာကို လှေစီးပြီး ရေသွားဆော့ကြတာ။ နည်းနည်းလည်း သောက်ထားကြတယ်ထင်ပါတယ်။ အပျော်လွန်တဲ့သဘောပြောရမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article