မြိုင်မြို့နယ်၊ တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွာသစ်ကုန်း၊ သဖန်းကန်၊ ညောင်ကုန်း၊ ကံနက်နှင့် အိုးဘိုကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ဖြစ်ကြောင်း၊ ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ကျွန်တော်တို့ အတည်ပြုနိုင်တာ ညောင်ကုန်းရွာစာသင်ကျောင်းကို ပစ်သွားတာကတော့ သေချာအတည်ပြုနိုင်တယ်။ စာသင်ကျောင်းတစ်ခုလုံး စုတ်ပြတ်သွားတယ်လို့သိရတယ်။ ကျန်တဲ့ရွာတွေဖြစ်တဲ့ ရွာသစ်ကုန်း၊ သဖန်းကန်၊ ကံနက်နှင့် အိုးဘိုကျေးရွာ တွေကိုပစ်သွားတယ်လို့ပြောတယ်။ ရွာထဲလား ရွာပြင်လား ဘယ်နားကို ပစ်သွားတာလဲ ဆိုတာ မသိရဘူး။ အတည်မပြုနိုင်သေးဘူး။ ပြည်တွေ ထိခိုက်မှု ရှိမှမရှိလဲ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် မြိုင်မြို့နယ် တောင်ပိုင်းရှိ ရွာသစ်ကုန်း၊ သဖန်းကန်၊ ညောင်ကုန်း၊ ကံနက်နှင့် အိုးဘိုကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ စစ်တပ် သတင်ပေးများကြောင့် ပစ်ခတ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံ ပြည်သူများက ဆက်လက်ပြောဆိုသည်။
