ချောင်းဦးတွင် “အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်စစ်ကြောင်းနှင့်အတူ မုံရွာလူထု သပိတ် ဦးဆောင်ကော်မတီမှ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး “အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။