ချင်းတွင်းမြစ် သပိတ်စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ဒီတော်လှန်ရေးဟာ ကျနော်တို့နိုင်ကိုနိုင်မှဖြစ်မှာပါ။ ပေးဆက်ထားတဲ့ အသက်တွေလည်းမနည်းတော့ပါဘူး။ ပေးဆက်ထားတဲ့ ဘဝတွေလည်း ရေတွက်လို့မရပါဘူး။ ကျနော်တဲ့နိုင်မှ လွတ်မဲ့သူတွေရှိသလို ကျနော်တို့နိုင်မှ ကျွက်မဲ့သူတွေရှိပါတယ်။ ဒါ့ကြောင့်မို့ တော်လှန်ရေးကို နိုင်ရာနေရာကနေ ပါဝင်ပေးကြပါလို့တောင်းဆိုအပ်ပါတယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Photo – AungKhantZaw