မြိုင်မြို့နယ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
မြိုင်မြို့နယ်တွင် ဗကသ ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် “လက်ကောက်ဝတ်ကို ဘယ်လောက်လှီးလှီး မပြေရမယ့်လက်သီးဆုပ်တွေ” စာတန်းကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြောင်း သိသည်။