တန့်ဆည်နှင့်မင်းကင်းတွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးခွရွာအနီးတွင် ညအချိန် ကင်းထွက်လာ သော စစ်သားနှင့် ပျူစောထီးများ မိုင်းမိသဖြင့် ၃ဦးသေဆုံးပြီး ဒဏ်ရာ ရသူများ ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဒီဇင်ဘာလ၂၉ ရက်နေ့ ည၉နာရီခန့်တွင် မူးခွရွာမှ ကင်းလှည့်ထွက်လာသော စစ်သားနှင့် ပျုစောထီးများကို တန့်ဆည်မြောက်ပိုင်း ပ.က.ဖအဖွဲ့က မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီးများ မိုင်းထိသဖြင့် အော်ဟစ်ငိုယိုပြီး မူးခွရွာထဲသို့ ပြန်ဝင်သွားခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာ၌တပ်စွဲထားသော အကြမ်း ဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ ပွိုင့် ၃၀ ရိုင်ဖက်တစ်လက်နှင့်ခဲ ယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Eagle Freedom Fighter ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့်ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်နာရီ ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၂ ဦး၊ ရဲ ၂ ဦး၊ ပျူစောထီး ၁ ဦး သေဆုံးကာ ပျူစောထီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ ပွိုင့် ၃၀ ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်အတောင့် ၈၀ နှင့် ဓားတစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း GTF တပ်ခွဲ ၁ ၊ IRF တပ်ခွဲ ၂ ၊ ယက္ခညီ နောင် တပ်ခွဲ ၅ ၊ Eagle Freedom Fighter တပ်ခွဲ ၆ ၊ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၇ ၊ Eagle 101 ၊ MKPDF တပ်ရင်း ၁ ၊ ၄ ၊ ၅ ၊ KPDF တပ်ရင်း ၂ ၊ တောင်တွင်းဗိုလ်ချုပ်သွေး ၊ တောင်တွင်း နဂါးပကဖ အဖွဲ့၊ ရွှေသမင်မုဆိုး Local TD PDF တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- မင်းကင်းတွင် သေဆုံးနေသော စစ်သားတစ်ဦးနှင့် ပျူစောထီးထံမှ ရရှိသော သေနတ်တစ်လက်။