34 C
Yangon

မြိုင်မြို့နယ်၊ အိုးဘိုရွာကို စစ်တပ်က မီးရှို့မှုနေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၁ ဦးကိုဖမ်းဆီးသွား၊ ဒီပဲယင်းရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

Must read

မြိုင်မြို့နယ်၊ အိုးဘိုရွာကို စစ်တပ်က မီးရှို့မှုနေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၁ ဦးကိုဖမ်းဆီးသွား၊ ဒီပဲယင်းရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုးဘိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မီးရှို့ရာ နေအိမ် ၇၀ ပြာကျခဲ့ ကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်တွင် အိုးဘိုရွာ၌ ညအိပ် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရ သည်။

” ဒီနံနက် အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခံရတာ အိုးဘိုကျေးရွာက ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီး ခံရတဲ့ရွာပါ။ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ကနဦးသိရတယ်။ ပြည်သူ ၁ ဦးဖမ်းဆီး ခံရပေမယ့် ပြန်လွှတ်လိုက်လာ ခေါ်သွားလားတော့ မသိရသေးဘူး” ဟု မြိုင်မြို့-နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုးဘိုရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကန်နီ ပျူစောထီး ရွာကို ပြန် လည် ဆုတ်ခွာသွားကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကြည်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဒီဇင် ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျေးရွာအတွင်း ကျန်ရှိနေသည့် ပြည်သူပိုင် နေအိမ် ၄၀ ခန့် ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြည်ဘုရားထွက်ရွာမှ ယင်းတွေကျေးရွာကို ဆက်လက် ပစ်ခတ် ဝင်ရောက်လာပြီး ကျေးရွာကို မီးတင်ရှို့နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article