32 C
Yangon

ပဲခူး၊ ဘုတလင်နှင့် ပေါက်မြို့နယ်တို့တွင် ရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်မှု အနည်းဆုံးစစ်သား ၅ ဦးသေဆုံး

Must read

ပဲခူး၊ ဘုတလင်နှင့် ပေါက်မြို့နယ်တို့တွင် ရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်မှု အနည်းဆုံးစစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်း၊ ပဲခူးမြို့၊ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် မကွေးတိုင်း၊ ပေါက်မြို့ နယ် တို့တွင် ရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းများကို PDF တပ်များက ပစ်ခတ်တိုက်သဖြင့် အနည်းဆုံး စစ်သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

ပဲခူးတွင် စစ်တပ် တပ်စွဲနေရာ ၃ ခုကို ပစ်ခတ်တိုက်ခိုက်

===============================

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီ၏ ပဲခူးမြို့ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ် ကင်းဂိတ်ကို ပဲခူးမြို့နယ်ကပဖ က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ထောက်ပို့တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပဲခူး PDF က သတင်း ထုတ်ပြန်သည်။

အလားတူ ယနေ့ နံနက် ၄ နာရီ ၅၀ မိနစ် အချိန် ပဲခူးမြို့နယ် အမှတ် ၂ ရဲစခန်း ကို ပဲခူးမြို့နယ်ပကဖ အဖွဲ့ဝင်ရဲဘော်များက မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကော်စီ တပ်ဖွဲ့၏ ထိခိုက်မှုကိုအခြေအနေကို စုံစမ်းအတည်ပြုနေဆဲ ဖြစ် ကြောင်း သိရှိရသည်။

ထို့အတူ ယနေ့ နံနက် ၄ နာရီ ၅၅ မိနစ်အချိန် အချိန် ပဲခူးမြို့နယ် ကလိ စစ် ဆေး ရေး ဂိတ်ကို ပဲခူးမြို့နယ်ပကဖအဖွဲ့ဝင်ရဲဘော်များက မိုင်းဆွဲ တိုက် ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့ တိုက်ခိုက်သော စစ်ဆင်ရေး ၃ ခုသည် နန်းထိုက်အောင် စစ်ဆင် ရေး အဖြစ် ပဲခူးမြို့နယ်ပကဖက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘုတလင်မြို့အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲမှု ၁ ဦးသေဆုံး

=================================

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တောင်ဘက်၊ တစ်မိုင်ခန့်အကွာ သားရိုးကုန်းရွာ အရှေ့ ဘက်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့လည် ၁၂ နာရီခွဲခန့်အချိန် စစ်သား များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ နှစ်ဦး အပြင်း အထန် ဒဏ်ရာ ရရရှိခဲ့ ကြောင်း Chindwin Brothers တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့နယ်၊ အလုံတပ်မြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ အင် အား ၆၃ ဦးဖြင့် ဘုတလင်မြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြိုတင်ပြင်ဆင်ထားသော မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာ ရရှိကာ သေဆုံးသွားသော စစ်သားအလောင်းကို ဘုတလင်မြို့ရှိ သုဿန်တွင် ချက်ချင်း သဂြိုလ်လိုက်ကြောင်း သိရသည်။

မိုင်းများမှ တစ်လကျော်ကြာပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အလုံး ရေ ၂၀ ရှိကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ချိန်တွင် အားလုံးမကွဲခဲ့ခြင်းမှာ ရက်ကြာမြင့်ပြီး မိုင်းကြိုး များ ပြတ်နေသဖြင့် အကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ် ရေးမဟာ မိတ်တပ်ဖွဲ့များအနေဖြင့် မရှိမဲ၊ ရှိမဲ့ လက်နက်၊ ခဲယမ်းများ စုဆောင်းကာ ဆက် လက်ဖောက်ခွဲတိုက်ခိုက် သွားမည်ဖြစ်ကြောင်း Chindwin Brothers အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်တိုက်မောင်း ပြောက်ကျားတပ်ဖွဲ့၊ တပင်ရွှေထီး (ဆံရှည်) ပြောက်ကျားတပ်ဖွဲ့၊ Anonymous Heros ပြောက်ကျားတပ်ဖွဲ့၊ ချိုမိုင်မိုင် (ယင်းမာပင်-ကနီ)၊ Chindwin Brothers အဖွဲ့နှင့် ဒေသခံ ပကဖ အဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်တွင် ရဲနှင့်ပျူစောထီးများ တိုက်ခိုက်မှု ၂ ဦးသေဆုံး

===============================

မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာတွင် ကင်းလှည့်နေသော စစ်တပ်လက် အောက် ခံ ရဲနှင်ပျူစော ထီးပူးပေါင်းအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦး သေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Pauk Revolution Front ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီအချိန်က စစ်တပ် လက်အောက်ခံ ရဲနှင့် ပျူစောထီး ၁၀ ဦးခန့် သည် ပေါက်မြို့နယ်အတွင်း ကင်းလှည့်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး ရင် ဘတ် ကျည်ထိမှန်ဒဏ်ရာရကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနိုင်ခြေ များကြောင်း သိရသည်။

“ရဲစခန်းနဲ့ ပျူရွာကြားလမ်းပေါ်မှာ လုပ်ခဲ့တာ၊ အခုလုပ်လိုက်တဲ့ မစ်ရှင်က ခွေး တွေရဲ့ဖိနှိပ်ခြင်းကို ခံနေရတဲ့ ဒေသ မှာဆိုတော့ ပြည်သူတွေ ပိုဖိခံရမှာ စိုးရိမ် မိလို့ နေရာထုတ်ပြောလို့ မရတာဗျ။ ကျနော်တို့အတွက်က အဆင် ပြေပါ တယ်၊ ပြည်သူတွေအတွက်ပါပဲ”ဟု Pauk Revolution Front တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Pauk Revolution Front (PRF)မှ ပထအကြိမ်အဖြစ် One Shot One Kill မစ်ရှင် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း Pauk Revolution Front (PRF) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article