ရန်ကုန်၊ သာကေတတွင် ကျောင်းသား၊ လူငယ်များ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်၊ သာကေတမြို့နယ်တွင် အဖမ်းအဆီး အစစ်အဆေးကြမ်းသည့်ကြားမှ ဂဠုန်နီ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း (RGY)မှ ဦးဆောင်ကာ သာကေတ အခြေခံကျောင်းသားများ သပိတ်ကော်မတီတို့နှင့် ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့ကြောင်း သိရသည်။