23 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာနှင့်လက်ပန်ကျွန်းရွာကို ယနေ့ နံနက်ပိုင်း စစ်တပ်က မီးစတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ‌ ဆားထုံးရွာနှင့် လက်ပန်ကျွန်းရွာကို အကြမ်း ဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း စတင်မီးရှို့နေကြောင်း ဒေသခံ ပြည်သူ များနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၁၇ မိနစ်အချိန် စစ်တပ်က ဆားထုံး...

ဝက်လက်တွင် မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က BO.Tiger အဖွဲ့ဝင်တချို့ကို ဖမ်းဆီး သတ် ဖြတ် မှု အပေါ် တော် လှန်ရေးအဖွဲ့ ၃၉ ခုက ရှုတ်ချ၊ ကျူးလွန်သော ဝက်လက် ပကဖနှင့်တပ်ရင်း၂ ကို အရေး ယူရေး...

ရန်ကုန်၊ ဒီဇင်ဘာ ၁ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော BO.Tiger အဖွဲ့ကို မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အရေးယူနိုင်ရေး တော်လှန်ရေး တပ်ဖွဲ့ ၃၉ ဖွဲ့က လုပ်ဆောင်သွားမည်ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့၏...

အကြမ်းဖက် မင်းအောင်လှိုင် DSAနှင့် DSTA ကျောင်းဆင်းပွဲတက်ရန် ပြင်ဦးလွင် ရောက်ရှိ မည် ဖြစ်ပြီး လုံခြုံရေးအတွက် ခရီးစဉ်အချိန်၊ သွားမည့်လမ်းကြောင်းများ ကြိုမပြောဘဲ လျှို့ဝှက်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၁ အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်သည် DSAစစ်တက္ကသိုလ်အပတ်စဉ် ၆၄ သင် တန်း ဆင်းပွဲတက်ရန် ယနေ့ ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ကြောင်း စစ်ဘက်သတင်း ရင်းမြစ် များထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်တက္ကသိုလ် အပတ်စဉ်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁ မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာ ၃၀ ရက်နေ့ ရရှိထားသော အချက် အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို...

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့၏ ညကင်းပတ်သည့် ကား ၁ စီးကို PDF တပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

ရန်ကုန်၊ နိုဝင်ဘာ ၃၀ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်၏ ညကင်းပတ်သည့် ကား ၁ စီးကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့...

Pကိုးကန့်၊ ချင်းရွှေဟော်ဒေသတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးသေဆုံး၊ ဖရူဆိုနှင့် ရေစကြိုတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃၀ တရုတ်-မြန်မာ နယ်စပ် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း The Kokang ထံမှ သိရသည်။ နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကိုးကန့်၊...

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ဆည် ပင်မသပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူအားလုံး ဆန့်ကျင်ကြရန် ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် "တရားမဝင်တဲ့ ရွေးကောက်ပွဲ၊ လူထုအားနဲ့ တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူအားလုံး ဆန့်ကျင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂ စီး ပျံတက်သွား

ရန်ကုန်၊ နိုဝင်ဘာ ၃၀ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် စစ်တပ် လေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂ စီးသည် ယနေ့ ည ၈ နာရီ ၂၄ မိနစ်တွင် မြောက်အရပ်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။ အဆိုပါ ဂျက်ဖိုက်တာသည် မြောက်အရပ်ဦးသို့ ဦးတည်သွားပြီး ဗုံးချတိုက်ခိုက်နိုင်ကြောင်း နောက်ထပ်...

Latest news

- Advertisement -spot_img