38 C
Yangon

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့၏ ညကင်းပတ်သည့် ကား ၁ စီးကို PDF တပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်၏ ညကင်းပတ်သည့် ကား ၁ စီးကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ မော်တော်ကားသည် ယင်းမာပင်မြို့နယ် အတွင်းရှိ လဝက ရုံးမှ ကျေးလက်ရုံသို့ သွားရောက်စဥ် B-21Kani PDF တပ်ခွဲ ၁ မှ ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ကားကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီကားနဲ့ လဝက ရုံးကနေ ကျေးလက်ရုံးကို ပစ္စည်းသယ်တာတွေလုပ်တယ်။ ညကင်းပတ်တာတွေလည်း လုပ်တယ်။ ဒီနေ့ နံနက် ၉ နာရီ ဝန်းကျင်မှာ B-21Kani PDF တပ်ခွဲ ၁ က ဝင်ရောက် စီးနင်းပစ်ခတ်ပြီး ကားကို သိမ်းဆည်း ရမိခဲ့တယ်။ ကားပေါ်မှာ ပါလာတဲ့ကောင်တွေက လက်နက်မပါဘဲ ပစ္စည်းသယ် သက်သက် သယ်ခိုင်းတာလို့ ပြောလို့ ပြန်လည် လွတ်ပေးလိုက်ပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article