35 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပိုစတာကို ယာဉ်ထိန်းရဲကင်းတွင် ချိတ်ဆွဲ

ရန်ကုန်၊ မတ် ၁၃ ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး "မီးဖျက်ပြီး အမှောင်ချပေမယ့် ငါတို့ ခံယူချက်တွေ အမှောင်ချလို့ မရဘူး" ဆိုသော ပိုစတာကို ယနေ့ ယာဉ်ထိန်းရဲကင်းတစ်ခုတွင် ချိတ်ဆွဲသည်။

ဖာပွန်တွင် အင်အား ၃၀ ရှိ စစ်ကောင်စီတပ်ဖွဲ့ ချေမှုန်းခံရပြီးနောက် စစ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ အရပ်သားနေအိမ်များ ထိမှန်ပျက်စီး

ရန်ကုန်၊ မတ် ၁၃ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်တွင် အင်အား ၃၀ ရှိ စစ်ကောင်စီတပ်ဖွဲ့ ချေမှုန်းခံရပြီးနောက် စစ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ အရပ် သား နေအိမ်များ ထိမှန်ပျက်စီးသွားကြောင်း KNUသတင်းရင်းမြစ်များထံမှ သိရှိရသည်။ KNLA...

ဗိုလ်တထောင်၊ ၄၅ လမ်းတွင် အမျိုးသမီးတစ်ဦး အပါအဝင် ကျောင်းသားလူငယ် များကို ဖမ်းဆီးပြီး ညတွင်းချင်း စစ်ကြောရေးပို့၊ အလွန်အမင်းညှဉ်းပန်းနှိပ်စက်ခံနေရသဖြင့် အသက်အန္တရာယ် အထူးစိုးရိမ်နေရ

ရန်ကုန်၊ မတ် ၁၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၅ လမ်းတွင် ကျောင်းသားလူငယ် ၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်း ၁၁ နာရီကျော်ဝန်းကျင်အချိန်တွင် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး လက်နက်ပစ္စည်းများ နှင့်အတူ ဖမ်းမိသည်ဟုစွပ်စွဲမှုများ ရှိနေကြောင်း၊ညတွင်းချင်း စစ်ကြောရေးပို့ပြီး နှိပ်စက်နေသဖြင့် အသက်အန္တရာယ် အထူးစိုးရိမ်နေရကြောင်း...

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူ ၃ ဦးကို ပစ်သတ်၊ အလောင်းများကို ဖြစ်သလို ပစ်ထား

ရန်ကုန်၊ မတ် ၁၃ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူ ၃ ဦးကို ယမန်နေ့က ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊...

အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ၃၉၉ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ကလေးမြို့တွင် ဆန္ဒပြ

ရန်ကုန်၊ မတ် ၁၃ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ၃၉၉ ရက်မြောက်အဖြစ် ဆန္ဒပြကြသည်။သပိတ်စစ်ကြောင်း လှည့်လည်ရန် လူစုနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် အနီးဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် အမြန်...

ရန်ကုန် ကုန်းကျော်တံတားပေါ်တွင်”သွေးကြွေးတွေ မျိုး ဆက် ထပ်မကူးစေနဲ့ “စာတန်းချိတ်ဆွဲ

ရန်ကုန်၊ မတ် ၁၃ ရန်ကုန်မြို့ ကုန်းကျော်တံတားပေါ်တွင် ယနေ့နံနက်ပိုင်းရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) မှ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄) နှစ်ပြည့်နှစ်ပတ်လည်နေ့အဖြစ် "သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့ "စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ကြသည်။Photo - တကသ

မန္တလေးတွင် စစ်အာဏာရှင် ဖြုတ်ချရေး “လွတ်လပ် တရားမျှတမှု မရသရွေ့ သူရဲကောင်းဝိဉာဉ်တွေဟာ မသေ” ဆိုသော ပိုစတာချိတ်ဆွဲ

ရန်ကုန်၊ မတ် ၁၃ မန္တလေးတွင် စစ်အာဏာရှင် ဖြုတ်ချရေး "လွတ်လပ် တရားမျှတမှု မရသရွေ့ သူရဲကောင်းဝိဉာဉ်တွေဟာ မသေ" ဆိုသော ပိုစတာချိတ်ကို ယနေ့ ချိတ်ဆွဲသည်။မတ်လ (၁၃)ရက်နေ့ ဖုန်းမော်နေ့(ခေါ်) မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ ၃၄နှစ်ပြည့်မြှောက်မှု အတွက် ဘန်နာခေါင်းစည်းချိတ်ဆွဲခြင်းအဖြစ် မန္တလေးသပိတ်အင်အားစုက “လွတ်လပ်တရားမျှတမှုမရသရွေ့ သူရဲကောင်းဝိဉာဉ်တွေဟာ မသေ”စာတန်းပါ...

ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၄)နှစ်ပြည့် အောက်မေ့ခြင်းအထိမ်းအမှတ်နှင့် စစ်အာဏာရှင် ချေမှုန်းရေး လောင်းလုံးတွင် ဆန္ဒပြ

ရန်ကုန်၊ မတ် ၁၃ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ တော်လှန်လူငယ်များသည် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၄)နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် "ဖုန်းမော်ကျဆုံး မတ်လ ၁၃၊ တော်လှန်သောနေ့ ငါတို့မမေ့" ဆိုတဲ့ ကြွေးကြော်သံဖြင့် မတ်လ ၁၃ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ထားဝယ်အကျဥ်းထောင်အတွင်း မတရား အကျဥ်းချခံထားရတဲ့ ထောင်တွင်းရဲဘော်တွေရဲ့...

ကရင်နီတိုက်ပွဲတွင် စစ်တပ်က အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) များအသုံးပြု၊ ဒေါငံခါးကို ယာယီ ဆုတ်ခွာလိုက်ရဟု KNDF ထုတ်ပြန်

ရန်ကုန်၊ မတ် ၁၃ ကရင်နီပြည်နယ် တိုက်ပွဲတွင် စစ်တပ်က အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) များအသုံးပြုလျက်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ကရင်နီပြည်နယ်ကို နယ်မြေစိုးမိုးမှု ရရှိရန် အကြမ်းဖက်စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဦးစီးကွပ်ကဲ၍ စစ်ဆင်ရေးကို ဆောင်ရွက်နေပြီး မြေပြင်စိုးမိုးမှု...

ဗိုလ်တထောင်၊ ၄၅ လမ်းတွင် ကျောင်းသားလူငယ်များကို စစ်တပ်က အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီး၊ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းမိဟု စွပ်စွဲဖမ်းဆီးသဖြင့် အသက်အန္တရာယ်စိုးရိမ်နေရ

ရန်ကုန်၊ မတ် ၁၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၅ လမ်းတွင် ကျောင်းသားလူငယ် ၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်း ၁၁ နာရီကျော်ဝန်းကျင်အချိန်တွင် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး လက်နက်ပစ္စည်းများ နှင့်အတူ ဖမ်းမိသည်ဟုစွပ်စွဲမှုများ ရှိနေကြောင်း သိရှိရသည်။ ကျောင်းသားလူငယ်များဖြစ်ကြသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား မောင်ကျော်ထက်အောင် (...

Latest news

- Advertisement -spot_img