ရန်ကုန်၊ မတ် ၁၃
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ တော်လှန်လူငယ်များသည် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၄)နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် “ဖုန်းမော်ကျဆုံး မတ်လ ၁၃၊ တော်လှန်သောနေ့ ငါတို့မမေ့” ဆိုတဲ့ ကြွေးကြော်သံဖြင့် မတ်လ ၁၃ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထားဝယ်အကျဥ်းထောင်အတွင်း မတရား အကျဥ်းချခံထားရတဲ့ ထောင်တွင်းရဲဘော်တွေရဲ့ တိုက်ပွဲခေါ်သံဖြစ်သည့် “အဖမ်းခံရတဲ့ ညီအစ်ကိုတွေကို၊ ငါတို့ချွေးနဲ့ ပြန်ကယ်စို့”ဟု ကြွေးကြော်ဆန္ဒပြကြသည်။
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1647141726142.jpg)
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1647141728239.jpg)
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1647141730275.jpg)
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1647141732330.jpg)