27 C
Yangon

ရေစကြို၊ မြိုင်အစပ်နှင့် ကောလင်းတွင် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ မြင်းမူတွင်လည်း စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ရေစကြို၊ မြိုင်အစပ်နှင့် ကောလင်းတွင် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ မြင်းမူတွင်လည်း စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန် ၊ ဇန်နဝါရီ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့်မြိုင်မြို့နယ်အစပ် တောရိုးထဲနှင့် ကောလင်းမြို့ပေါ်တို့တွင် အကြမ်းဖက်စစ်သားများတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်အစပ် တောရိုးထဲတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အပြားထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက် ညနေ ၂ နာရီခန့်မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၃ နာရီအထိတစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း၊ ညနေ ၄ နာရီခန့်တွင် တစ်ကြိမ်အထိနာသွားသော အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ဆုတ်ခွာထွက်ပြေးသွား ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ Super Fighter PDF ၊ အမိမြေ ပြောက်ကျားတပ်ဖွဲ့၊ MRTF ၊ RPDF ၊ ဖက်တီးလက်နက်ကြီးအဖွဲ့တို့အပြင် Salingyi Special Tesk Force (SSTF) ၊ ငဘပြောက်ကျားတပ်ဖွဲ့၊ Southern Yesagyo PDF ၊ Yesagyo Revolution Group တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ အထွေထွအုပ်ချုပ်ရေးမှူးရုံးနှင့် အထကကျောင်းအနီးတံတားတွင် အကြမ်း ဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း Kawlin Revolution –KR ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က ကောလင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ လက်လုပ် ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း အကြမ်းဖက်စစ်သားများ ထောင်ထားသော ၆၀ မမ လက်နက်ကြီး အနီးသို့ ကျရောက်ပေါက်ခဲ့ကြောင်း သိရသည်။

“ထွေအုပ်ရုံးထဲကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာလည်း သူတို့ထောင်ထားတဲ့ ၆၀ မမနားကို ကျပြီးပေါက်ကွဲ ခဲ့တယ်၊ အထိအခိုက်တော့ မသိရသေးဘူး၊ မိုင်းဆွဲတိုက်ခိုက်မှုမှာ မျက်မြင်တစ်ကောင်ကြွ(သေ)တယ်၊ တချို့ခွေးကောင်တွေဆိုရင် မြောင်းကြီးထဲခုန်ချသွားတာ၊ ပြားနေအောင်ဝပ်နေကြတာတွေ တွေ့ခဲ့ရ တယ်” ဟု Kawlin Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ညနေ ၅ နာရီခန့်တွင် ကောလင်းမြို့လမ်းမကြီး အထက်တန်းကျောင်းအနီးရှိ တံတားသို့ ခြေလျင်ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ လွတ်လပ်ရေး ကျောက်တိုင်အနီး စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၆ နာရီ ၂၈ မိနစ်ခန့်တွင် မြင်းမူမြို့ လွတ်လပ်ရေး ကျောက်တိုင်အနီးရှိ အကြမ်းဖက် စစ်တပ်မှ စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ကြောင်း၊ မိုင်းဖောက်ကွဲချိန်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများ ပါဆယ်မိုင်းကို ဝိုင်းအုံကြည့်နေချိန်ဖြစ်သော​ကြောင့် စစ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသည့် မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article